News

POST TAGGED AS

BALLON D'OR'

12-Jun-2018 tagged as Soccer Messi C Ronaldo Ballon D'Or' Salah
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လက်ရှိ ၂၀၁၈ ခုနှစ် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)အတွက် ၎င်းအဓိက အားပြိုင်ရမည်မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမဟုတ်ဘဲ လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သာဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
27-Jan-2018 tagged as Soccer La Liga Barcelona Messi Ballon D'Or'
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၎င်းအနေနှင့် ပြိုင်ဘက်ဖြစ်သူ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ကျော်ဖြတ်၍ ဘလွန်းဒီအော်ဆု ဆွတ်ခူးရယူနိုင်ရေးထက် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများ ရယူနိုင်ရေးကို ပိုမိုလိုလားမိကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Marca က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ငါးကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ကြောင်း သတင်းပေါက်ကြားသွားခဲ့ပြီဖြစ်ပြီး စီရော်နယ်ဒိုနှင့် စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးထားသည့် နီကီ အားကစားအသုံးအဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုမှာ စီရော်နယ်ဒိုကို ဂုဏ်ပြုရန်အတွက် အထူးဘောလုံးကန်ဖိနပ်တစ်ရံပင် ချုပ်လုပ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လာမည့် ကြာသပတေးနေ့တွင် ယမန်နှစ်ဘောလုံးရာသီစွမ်းဆောင်ရည်အတွက် ပေးအပ်ချီးမြှင့်မည့် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို အနီးကပ်ပြိုင်ဘက်ဖြစ်သူ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအား ကျော်ဖြတ်၍ ဆွတ်ခူးရရှိသွားခဲ့ပြီဟု တင်ကြိုသတင်းပေါက်ကြားမှုများ ရှိလာခဲ့ပြီဖြစ်ပြီး လက်ရှိတွင် စီရော်နယ်ဒို ဆုလက်ခံရယူမည့်နေရာနှင့် စီရော်နယ်ဒိုကို ဆုပေးအပ်ချီးမြှင့်မည့်သူ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းကို စပိန်သတင်းမီဒီယာများက အတိအကျ ထုတ်ဖော်ရေးသားလာခဲ့ပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
15-Nov-2017 tagged as Soccer Messi C Ronaldo Ballon D'Or'
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လာမည့် ဒီဇင်ဘာလတွင် ပေးအပ်ချီးမြှင့်မည့် ဘလွန်းဒီအော်ဆုကို ၎င်းဆွတ်ခူးရရှိမည်ဖြစ်ကြောင်း ကြိုတင်သိရှိခွင့် ရထားပြီဟု ၎င်း၏ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီထံသို့ လျှို့ဝှက်ဖုန်းခေါ်ဆိုကာ အသိပေးထားပြီဖြစ်ကြောင်း Don Balon က ဖော်ပြထားသည်။