News

POST TAGGED AS

BAKAYOKO

13-Aug-2018 tagged as Soccer Chelsea Serie A AC Milan Bakayoko
အေစီမီလန်အသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဘာကာယိုကိုကို အပြီးသတ်ဝယ်ယူခွင့်ပါရှိသော တစ်နှစ်သက်တမ်း အငှားစာချုပ်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုးခေါ်ယူလိုက်ပြီဖြစ်ပြီး ဘာကာယိုကို၏ခြေစွမ်းကို နှစ်ခြိုက်သဘောကျ၍ ၎င်းကို အပြီးသတ်ခေါ်ယူမည်ဆိုပါက အေစီမီလန်မှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ ဒသမ ၅ သန်းကုန်ကျလိမ့်မည်ဖြစ်ကြောင်း Tutto Sports က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် ကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကိုဗာဆစ်ကို အငှားခေါ်ယူရန် သဘောတူညီမှုတစ်ရပ် ရယူလိုက်နိုင်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်စေရန်အတွက် စီစဉ်ရန်ရှိသည်များကို စတင်စီစဉ်နေပြီဟု ချယ်လ်ဆီးက သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။