News

POST TAGGED AS

AUSTRALIA

ၾသစေၾတးလ်၊ ပိုလန်နှင့် ဂျပန်တို့သည် အင်္ဂလန်နိုင်ငံ ၀စ်ရှိုင်းယားဒေသရှိ ဆာလစ်ဘူရီအရပ်၌ဖြစ်ပွားခဲ့သော ရုရှားအေးဂျင့် ဆာဂျီ ဆခရီပယ်လ်နှင့် ၎င်း၏သမီးဖြစ်သူ ယူလီယာတို့ တိုက်ခိုက်ခံရမှုဖြစ်စဉ်၏နောက်ကွယ်တွင် ရုရှားအစိုးရ ပါဝင်ပတ်သက်နေမည်ဆိုပါက ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်မကစားတော့ဘဲ သပိတ်မှောက်ရန် စီစဉ်နေကြပြီဖြစ်ပြီး အင်္ဂလန်မှာလည်း ယင်းဖြစ်စဉ်တွင် ရုရှား၏စနက်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်မကစားတော့ဘဲ သပိတ်မှောက်လိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
28-Jan-2018 tagged as Australia Tennis Federer
ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာသည် သြစတြေးလျနိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲတွင် ခရိုအေးရှားတင်းနစ်ကစားသမား မာရင်ချီလစ်ကို အဆုံးအဖြတ် ပွဲလတ်တိုင်သည်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ အနိုင်ယူဗိုလ်စွဲသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
24-Jan-2018 tagged as Soccer World Cup Australia Louis van Gaal
သြစတြေးလျဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မတိုင်မီတွင် လက်ရွေးစင်အသင်းအတွက် နည်းပြသစ်တစ်ဦး ခေါ်ယူခန့်အပ်နိုင်ရန် စီစဉ်နေပြီဖြစ်ကာ ယင်းနည်းပြသစ်လျာထားစာရင်းတွင် မန်ယူနည်းပြဟောင်း ဗန်ဟားလ်လည်း ပါဝင်လျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
15-Nov-2017 tagged as World Cup Australia
အာရှဇုန်ကိုယ်စားပြု သြစတြေးလျဘောလုံးအသင်းသည် ကွန်ကာကပ်ဖ်ဇုန်ကိုယ်စားပြု ဟွန်ဒူးရပ်စ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူ၍ ရုရှားနိုင်ငံတွင်ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။