News

POST TAGGED AS

AUNG LA NSANG

05-Nov-2017 tagged as Aung La Nsang One Championship
ဟဲဗီးဝိတ်ကစားသမား ဂါလာနီကို ပထမအချီတွင်ပင် အနိုင်ယူနိုင်ခဲ့သည့် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံ အောင်လအန်ဆန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာ ၅ ရက်နေ့$ ဂုဏ်ပြုစာလွှာကို ပေးပို့ချီးမြှင့်သွားခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကင်မရွန်းနွယ်ဖွား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဂါလာနီကို ပထမပွဲချီ၌ပင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သော ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား အောင်လအန်ဆန်းထံသို့ ဂုဏ်ပြုလွှာတစ်စောင် ရေးသားပေးပို့လိုက်ပြီဖြစ်ပြီး ယင်းဂုဏ်ပြုလွှာကို အောင်လအန်ဆန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာထက်တွင် လွှင့်တင်ဖော်ပြထားပြီဖြစ်သည်။
03-Nov-2017 tagged as Aung La Nsang One Championship
မြန်မာ့စပါးအုံးဟု နာမည်ပြောင်ပေးအပ် မှည့်ခေါ်ခြင်းခံထားရသည့် ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား အောင်လအန်ဆန်းသည် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့သည့် One Championship;Hero’s Dream ပြိုင်ပွဲ၏Main Event အထူးစိန်ခေါ်ပွဲတွင် ဟောင်ကောင်ကိုယ်စားပြု ကင်မရွန်းနွယ်ဖွား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား အလိန်းဂါလာနီကို ပထမပွဲချီအတွင်း၌ပင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ယူကာ ပွဲမတိုင်မီ ၎င်းပြောကြားထားသည့်စကားကို အကောင်အထည်ဖော်သွားခဲ့ပြီဖြစ်သည်။
03-Nov-2017 tagged as MMA Aung La Nsang
မြန်မာ့စပါးအုံးလို့ အမည်ပြောင်ပေးအပ်ခြင်းခံထားရတဲ့ ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးကစားသမား အောင်လအန်ဆန်းဟာ ယနေ့(နိုဝင်ဘာလ ၃ ရက်)ညမှာ ကျားသစ်နက်လို့ အမည်ပြောင်ရရှိထားတဲ့ ဟောင်ကောင်ကိုယ်စားပြု ကင်မရွန်းကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား အလိန်းဂါလာနီနဲ့ အထူးစိန်ခေါ်ပွဲစဉ်ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာပဲဖြစ်ပါတယ်။ ဒါဟာ One Championship ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်မှာ ၀ိတ်တန်းမတူတဲ့ကစားသမားနှစ်ဦး ပထမဆုံးအကြိမ်အဖြစ် စိန်ခေါ်ထိုးသတ်တဲ့ပွဲစဉ်ပါပဲ။ အောင်လအန်ဆန်းအတွက် ဒီပွဲဟာ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီးတဲ့နောက် ပထမဆုံးယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်ဖြစ်သလို ၀ိတ်တန်းမတူညီတဲ့ ကစားသမားတစ်ယောက်ကို စိန်ခေါ်ထိုးသတ်မှာဖြစ်လို့ ပိုပြီး စိတ်ဝင်စားစရာကောင်းနေပါတယ်။