News

POST TAGGED AS

AUBAMEYANG

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် စပါးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်မည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်စိန်ခေါ်မှုကို ရင်ဆိုင်ရန်အတွက် အော်ဘာမီယန်နှင့် မစ်ခီတာယန်တို့တွင် လုံလောက်သည့် ခံနိုင်ရည်အား အပြည့်အ၀ရှိထားနှင့်ပြီးဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်တိုက်စစ်မှူးသစ် အော်ဘာမီယန်သည် ၎င်းအနေနှင့် အာဆင်နယ်ထံသို့ ၎င်းပြောင်းရွှေ့ဖြစ်ခဲ့သည်မှာ မစ်ခီတာယန်ကြောင့်ဖြစ်သည်ဟု ဖွင့်ဟ၀န်ခံလိုက်ပြီး အပြောင်းအရွှေ့မဖြစ်မီတွင် မစ်ခီတာယန်နှင့် ၎င်းအကြား၌ ဖုန်းအဆက်အသွယ် မပြတ်တမ်းရှိခဲ့သည်ဟုလည်း အော်ဘာမီယန်က အသိပေးသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
ဂျာမနီရဲတပ်ဖွဲ့တာဝန်ရှိသူများသည် အာဆင်နယ်တိုက်စစ်မှူးသစ် အော်ဘာမီယန်ကို အမျိုးသမီးတစ်ဦးအား ကားဖြင့်တိုက်ရန် ကြိုးပမ်းခဲ့ဖူးသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
အာဆင်နယ်အသင်းဂန္ထ၀င်တိုက်စစ်မှူး အီယန်ရွိုက်သည် အော်ဘန်မီယန်ကို ခေါ်ယူရရှိလိုက်အပြီးတွင် ဂျီရုဒ်ကို ချယ်လ်ဆီးထံသို့ ရောင်းထုတ်ရန်ဆုံးဖြတ်လိုက်သည့် အသင်းတာဝန်ရှိသူများ၏လုပ်ရပ်ကို ဆယ်ဒေါ်လာတန်အား စွန့်ပစ်၍ ငါးဒေါ်လာတန်ကို ရယူလိုက်သည်နှင့် အလားသဏ္ဌာန်တူညီသည်ဟု ဝေဖန်ထောက်ပြလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
31-Jan-2018 tagged as Soccer Premier League Arsenal Aubameyang
အာဆင်နယ်အသင်းသည် ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၆ သန်းဖြင့် ခေါ်ယူရရှိလိုက်ပြီဖြစ်ကာ ယင်းပြောင်းရွှေ့ကြေးပမာဏမှာ အာဆင်နယ်အသင်းသမိုင်းကြောင်းတစ်လျှောက် ကစားသမားတစ်ဦးခေါ်ယူရန်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ အသုံးပြုမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
30-Jan-2018 tagged as Soccer Premier League Arsenal Aubameyang
ဒေါ့မွန်မှနေ၍ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာတော့မည့် တိုက်စစ်မှူး အော်ဘာမီယန်သည် တိုက်စစ်မှူး အွန်နရီဝတ်ဆင်ခဲ့သော ကျောနံပါတ် ၁၄ ကို ရယူလိမ့်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး လက်ရှိတွင် အာဆင်နယ်အသင်း အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် ကျောနံပါတ် ၁၄ ရိုက်နှိပ်ထားသော အော်ဘာမီယန်အမည်ပါ ဂျာစီအင်္ကျီများကို ၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းသည် အာဆင်နယ်ထံသို့ တိုက်စစ်မှူး အော်ဘာမီယန်ကို ရောင်းထုတ်လိုက်အပြီးတွင် ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ချယ်လ်ဆီးတိုက်စစ်မှူး ဘတ်ရွှာယီကို အငှားပြန်ခေါ်ရန် စီစဉ်နေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ဒေါ့မွန်နည်းပြ ပီတာစတိုဂျာသည် ဖရိုင်းဘတ်နှင့်ယှဉ်ပြိုင်ကစားမည့် ဘွန်ဒက်စ်လီဂါပွဲစဉ်အတွက် အသင်းလူစာရင်းရွေးချယ်ရာတွင် တိုက်စစ်မှူး အော်ဘာမီယန်ကို ပြန်လည်ထည့်သွင်းလိုက်သည့်အတွက် အာဆင်နယ်ထံသို့ အော်ဘာမီယန် ပြောင်းရွှေ့ရောက်ရှိနိုင်ရေးမှာ မရေရာမှုများပြည့်နှက်သွားခဲ့ရပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် လာမည့်အင်္ဂါနေ့တွင် ဆွမ်ဆီးနှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်အမီ အော်ဘာမီယန်ကို အသင်းထံသို့ ခေါ်ယူနိုင်ရန် ရည်မှန်းနေပြီး အော်ဘာမီယန်အပြောင်းအရွှေ့ဖြစ်မြောက်ရေးတွင် အဓိကကျနေသည်မှာ တိုက်စစ်မှူးဂျီရုဒ်၏ဇနီးသည်က မည်သို့ဆုံးဖြတ်မည်ဆိုခြင်းပင်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်နှင့် အသင်းကင်းထောက်ချုပ် မစ်ဆလင်တတ်တို့သည် ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်အပြောင်းအရွှေ့အတွက် ဒေါ့မွန်အသင်းတာဝန်ရှိသူများနှင့်ဆွေးနွေးညှိနှိုင်းရန် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။