News

POST TAGGED AS

ATLETICO MADRID

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်စေရန်အတွက် ဂရစ်ဇ်မန်း၏မိသားစုဝင်များနှင့်တွေ့ဆုံစည်းရုံးနေပြီဖြစ်ကာ ဂရစ်ဇ်မန်း၏ညီမဖြစ်သူနှင့် မိဘနှစ်ပါးမှာ ဂရစ်ဇ်မန်းအပြောင်းအရွှေ့ဖြစ်မြောက်နိုင်စေရေး၌ အဓိကကျသူများဖြစ်လာလိမ့်မည်ဟု ဘာတိုမြူက ယူဆထားကြောင်း Marca က ဖော်ပြထားသည်။
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းကြားသိခဲ့ရသည့်အတွက် အာဆင်နယ်၏ကမ်းလှမ်းမှုကို စောင့်မျှော်ခဲ့ဖူးကြောင်း ဖွင့်ဟ၀န်ခံလိုက်ကာ အာဆင်နယ်ထံသို့ ၎င်းမပြောင်းရွှေ့ဖြစ်ခဲ့သည်မှာ နည်းပြအာစင်ဝင်းဂါးက ၎င်းအစား ဆာနိုဂိုကို ဦးစားပေးအဖြစ် ရွေးချယ်သွားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဂရစ်ဇ်မန်းက ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ၎င်းအနေနှင့် မန်ယူထံသို့ ပြောင်းရွှေ့ရန်အတွက် စိတ်ကူးရှိနေဆဲဖြစ်သည်ဟု ဖွင့်ဟ၀န်ခံလိုက်ပြီး ယင်းအတွက် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဂရစ်ဇ်မန်းအပြောင်းအရွှေ့မှာ အခြေအနေများ ထူးခြားလာရန် သေချာနေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီသည် ၎င်းအနေနှင့် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို အသင်းထံတွင် ကာလရှည်ကြာ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မလွယ်ကူတော့ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး အသင်းပရိသတ်များ၏ပြုမူဆက်ဆံပုံကြောင့် ဂရစ်ဇ်မန်းမှာ များမကြာမီကာလအတွင်း အသင်းကိုစွန့်ခွာရန် ဆုံးဖြတ်ချက်ချလိုက်နိုင်သည်ဟု ဆီမြွန်နီက ပြောကြားသွားခဲ့ကြောင်း AS က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရန်အတွက် ကစားသမား၏မိခင်ကလပ် အက်သလက်တီကိုအသင်းနှင့် မူအရ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း Le 10 Sport က ဖော်ပြထားသည်။
မန်ယူအသင်းသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ၎င်းတို့၏ကွင်းလယ်ကစားသမား ဟာရီရာကိုခေါ်ယူရန် အက်သလက်တီကိုဘက်က တရားဝင် ကမ်းလှမ်းဆက်သွယ်လာခဲ့မည်ဆိုပါက အပြန်အလှန်အားဖြင့် အက်သလက်တီကိုကွင်းလယ်လူ ဆောလ်နီဂွက်ဇ်ကိုခေါ်ယူရန် ပြန်လည်ကြိုးပမ်းသွားလိမ့်မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။