News

POST TAGGED AS

ASHLEY YOUNG

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် လက်ရှိမန်ယူနည်းပြ မော်ရင်ညိုကို အသင်းခံစစ်ကြောင်းတွင် အက်ရှ်လေကိုးလ်ကို ဆက်လက်အသုံးပြုနေမည်ဆိုပါက ယခုထက်ပို၍ ဒုက္ခများလာလိမ့်မည်ဟု သတိပေးစကားပြောကြားလိုက်ပြီဖြစ်ကာ မော်ရင်ညိုမှာ အက်ရှ်လေယန်းကို ခံစစ်တွင် အံဝင်ခြင်းမရှိဘဲနှင့် ခေါင်းမာစွာ အသုံးပြုနေသည်ဟုလည်း ရွိုင်ကိန်းက စွပ်စွဲဝေဖန်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနောက်ခံကစားသမား အက်ရှ်လေယန်းသည် မန်ယူနှင့် ဆောက်သမ်တန်တို့ ဂိုးမရှိသရေကျခဲ့သည့်ပွဲစဉ်တွင် ဆောက်သမ်တန်တိုက်စစ်တောင်ပံကစားသမား တာဒစ်ကို တံတောင်ဖြင့် တွန်းထိုးခဲ့သည့်လုပ်ရပ်အတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည်ကို အယူခံတင်သွင်းရာတွင် အယူခံကျရှုံးခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းဆေးအဖွဲ့တာဝန်ရှိသူများသည် နည်းပြမော်ရင်ညို၏အလွန်အကျွံ ပွဲထုတ်အသုံးပြုမှုများကြောင့် အက်ရှ်လေယန်း၏ကြံ့ခိုင်မှု လျော့ကျသွားမည်ကို စိုးရိမ်ပူပန်နေပြီဖြစ်ကာ ခရစ္စမတ်ပွဲကျပ်ကာလတွင် အက်ရှ်လေယန်းကို ပွဲစဉ်တိုင်းတွင် ထည့်သွင်းကစားခိုင်းပါက မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာလိမ့်မည်ဟု အသင်းဆေးအဖွဲ့က မော်ရင်ညိုကို သတိပေးစကားပြောကြားထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းတာဝန်ရှိသူများသည် အသင်းဘယ်နောက်ခံကစားသမား အက်ရှ်လေယန်းကို တစ်နှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးရန် စီစဉ်နေပြီဖြစ်ပြီး အက်ရှ်လေယန်းမှာ လက်ရှိတွင် ဘယ်နောက်ခံနေရာနှင့် ယခင်ကထက် ပိုမိုအံဝင်လာခဲ့ပြီဟု နည်းပြမော်ရင်ညိုကလည်း ထောက်ခံပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးအသင်းကွင်းလယ်ကစားသမား အယ်လ်လီသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘောလုံးယှဉ်လုသည့်ဖြစ်စဉ်တစ်ခု၌ မန်ယူတောင်ပံကစားသမား အက်ရှ်လေယန်းနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ယင်းသို့ ထိပ်တိုက်တွေ့ခဲ့ရာတွင် ၎င်းတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး မခံမရပ် ဖြစ်လောက်ဖွယ်ရာ စကားရပ်များဖြင့် အပြန်အလှန် ထိုးနှက်တိုက်ခိုက်သွားခဲ့ကြကြောင်း The Sun က ဖော်ပြထားသည်။