News

POST TAGGED AS

ARTETA

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းနှင့် လမ်းခွဲခဲ့သော နည်းပြ ယူနိုင်းအမ်မရီသည် လက်ရှိတွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိနေပြီး ယူနိုင်းအမ်မရီမှာ လစ်လပ်လျက်ရှိသော အာဆင်နယ်နည်းပြရာထူးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရန်အတွက် လန်ဒန်မြို့သို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်ဟု Daily Mail က ဖော်ပြထားသည်။
20-May-2018 tagged as Soccer Premier League Arsenal Arteta
ရမ်ဆေးနှင့် ဝီလ်ရှိုင်းယားတို့အပါအ၀င် အာတီတာနှင့်တွဲဖက်၍ အာဆင်နယ်ထံ၌ ကစားခဲ့ဖူးသော အသင်းရှိ ကစားသမားအချို့သည် အသင်းဒါရိုက်တာဘုတ်အဖွဲ့က အာတီတာကို နည်းပြသစ်ခန့်ရန် စီစဉ်ထားခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်နေပြီဖြစ်ကာ ယင်းအချက်ကြောင့် အသင်းတာဝန်ရှိသူများဘက်က အာတီတာကို အသင်းနည်းပြအဖြစ် တရားဝင်တာဝန်ပေးလိုက်ပါက ရမ်ဆေးနှင့် ဝီလ်ရှိုင်းယားအပါအ၀င် အာဆင်နယ်ကစားသမားအချို့မှာ အသင်းစွန့်ခွာရန် ကြိုးပမ်းလာကြတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-May-2018 tagged as Soccer Premier League Arsenal Arteta Allegri
ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီသည် ၎င်းအနေနှင့် အာဆင်နယ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် စိတ်မ၀င်စားကြောင်း အသိပေးလိုက်ပြီဖြစ်ပြီး ၎င်း၏အနာဂတ်ရည်မှန်းချက်မှာ ဂျူဗင်တပ်ကို ဥရောပအဆင့် အောင်မြင်မှုများ ပြန်လည်ရယူပေးရန်ဖြစ်သည်ဟု အယ်လ်လီဂရီက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
07-Mar-2018 tagged as Soccer Premier League Arsenal Arteta
အာဆင်နယ်အသင်းကစားသမားများသည် မန်စီးတီးနည်းပြ ဂွါဒီယိုလာလက်အောက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသင်းကွင်းလယ်လူဟောင်း အာတီတာကို အသင်းနည်းပြသစ်လျာထားစာရင်း၌ ထည့်သွင်းထားသည်ကို ဘ၀င်မကျမှုများရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ရာထူးနုတ်ထွက်ရန် စဉ်းစားမှုများရှိနေပြီဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီဖြစ်ကာ ဆုဖလားလက်မဲ့ ဘောလုံးရာသီနှင့် ကြုံဆုံရခြင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် မရရှိခြင်း အစရှိသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါက အာစင်ဝင်းဂါးမှာ အာဆင်နယ်ကို ကျိန်းသေစွန့်ခွာလိမ့်မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။