News

POST TAGGED AS

ARSENE WENGER

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအနေနှင့် ကွင်းလယ်ကစားသမားများဖြစ်ကြသော အိုဇေးလ်နှင့် ဝီလ်ရှိုင်းယားတို့ကို စာချုပ်သစ်ချုပ်နိုင်ရန် မလွယ်ကူတော့ဟု ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ ယင်းကစားသမားနှစ်ဦးလုံးကို လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်က လက်လွှတ်လိုက်ရရန် သေချာနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်ယူက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ အသင်း၏ဂိုးပေါက် ၃၃ ကြိမ် ကန်ခွင့်ရသည်အထိ စွမ်းဆောင်နိုင်ခဲ့ခြင်းကို ၎င်းအနေနှင့် အပြည့်အ၀ ကျေနပ်မိသော်လည်း ခံစစ်စွမ်းဆောင်ရည်ကိုမူ အလွန်အမင်း စိတ်ပျက်ခဲ့ရကြောင်း မှတ်ချက်ပေးဝေဖန်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်က ဟတ်ဒါးစဖီးလ်ကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ညို့သကျည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည့် အာဆင်နယ်တိုက်စစ်မှူး လာကာဇက်သည် မနက်ဖြန်(စနေနေ့)တွင် မန်ယူနှင့်ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရန် သေချာသွားခဲ့ပြီဖြစ်ပြီး လာကာဇက်ကို အနားပေးလိုက်ရသော်လည်း ဂျီရုဒ်၊ အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ ကြံ့ခိုင်မှုအပြည့်ရှိနေသည့်အတွက် စိုးရိမ်ဖွယ်မရှိဟု နည်းပြအာစင်ဝင်းဂါးက ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဘန်လေကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အာဆင်နယ်အသင်း အနိုင်ဂိုးရရှိစေရန် ပင်နယ်တီ သတ်မှတ်ပေးခဲ့သော ဒိုင်လူကြီး လီမာဆန်၏ဆုံးဖြတ်ချက်မှာ မှန်ကန်မှုအပြည့်ရှိကြောင်း ထောက်ခံပြောဆိုသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မနက်ဖြန်(စနေနေ့)တွင် အာဆင်နယ်နှင့် စပါးတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်ကို အောက်အသင်းအဖြစ် သတ်မှတ်ပြောကြားနေခြင်းများကို ၎င်းအနေနှင့် လက်မခံနိုင်ဟု အသိပေးလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် အသင်းပြောင်းရန် လွန်စွာနီးစပ်နေပြီဖြစ်သည့် ကွင်းလယ်ကစားသမား အိုဇေးလ်၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် အသက် ၂၄ နှစ်အရွယ်ရှိ လိုင်ယွန်ကွင်းလယ်ကစားကွက်ဖန်တီးရှင် ဖာကီယာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ အသုံးပြုခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်သည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်ကိုစွန့်ခွာ၍ အသင်းပြောင်းရန် စီစဉ်သွားမည်မဟုတ်ဟု အသိပေးလိုက်ပြီဖြစ်ပြီး အာဆင်နယ်နှင့် ၎င်းအကြားတွင် ဆက်လက်လုပ်ဆောင်ရမည့် အရေးကိစ္စများစွာ ကျန်ရှိနေသေးသည်ဟုလည်း ဂျီရုဒ်က ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်စီးတီးက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်စီးတီးအသင်း ပင်နယ်တီရရှိသွားခဲ့သည့်ဖြစ်စဉ်၌ စတာလင်းမှာ ဟန်ဆောင်ဒိုင်ဗင်ထိုး၍ ပင်နယ်တီ ရှာဖွေသွားခြင်း ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပြီး စတာလင်း ဒိုင်ဗင်သမားဖြစ်သည်ကို လူတိုင်း သိရှိနေပြီဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက ထပ်လောင်းပြောကြားသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
30-Oct-2017 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဆွမ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှာ ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု ပွဲ ၈၀၀ ပြည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ကြောင်းကို ရုပ်သံသတင်းကြည့်ရှုလိုက်မိ၍သာ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
28-Oct-2017 tagged as Soccer Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအားပေးသူပရိသတ်များမှာ အာဆင်နယ်အတွက် ၎င်းရယူပေးခဲ့သော အောင်မြင်မှုများကို အလွယ်တကူ မေ့ပစ်နေကြသည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး လက်ရှိအချိန်အတွင် ၎င်းခံစားနေရသည်မှာ ဥရောပသမဂ္ဂလက်အောက်မှနေ၍ ဗြိတိန်ခွဲထွက်ရန် မဲပေးပွဲကျင်းပစဉ်က ဥရောပကော်မရှင် ခံစားခဲ့ရသည့် ခံစားချက်နှင့် အလားသဏ္ဌာန်တူနေကြောင်း အာစင်ဝင်းဂါးက ဆက်လက်အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။