News

POST TAGGED AS

ARSENE WENGER

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာ၏ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားခဲ့ပြီး ယင်းပင်နယ်တီဆုံးဖြတ်ချက်မှာ အာဆင်နယ်ကို များစွာ ထိခိုက်နစ်နာစေခဲ့ကြောင်း အာစင်ဝင်းဂါးက ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို ဒိုင်လူကြီးမိုက်ခ်ဒင်းန်၏အရည်အသွေးပိုင်းဆိုင်ရာအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့်လုပ်ရပ်အတွက် စွဲချက်တင်လိုက်ပြီဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း သတ်မှတ်ခံခဲ့ရမည်ဆိုပါက အာစင်ဝင်းဂါးမှာ ပွဲပယ်ပြစ်ဒဏ်တစ်ရပ် ကျခံရရန် သေချာနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၀က်စ်ဘရွန်းနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၀က်စ်ဘရွန်းအသင်းကို ပွဲပြီးဆုံးရန် မိနစ်အနည်းငယ်သာ လိုတော့ချိန်တွင် ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးလိုက်သည့် ကွင်းလယ်ဒိုင်လူကြီး မိုက်ခ်ဒင်းန်၏ဆုံးဖြတ်ချက်ကို ယခုအချိန်တိုင်သည်အထိ ဒေါသပေါက်ကွဲနေဆဲဖြစ်ပြီး မိုက်ခ်ဒင်းန်မှာ ၎င်းအလိုရှိသည့်အရာကိုသာ မြင်တွေ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ချင့်ချိန်စဉ်းစားခြင်းမရှိဘဲ ဆုံးဖြတ်ချက်ကို လွယ်လင့်တကူ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အာစင်ဝင်းဂါးက ဝေဖန်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
02-Jan-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏ဘ၀ဖြတ်သန်းမှုတွင် ဘောလုံးအားကစားနည်း၏အခန်းကဏ္ဍသာ မရှိတော့ပါက အဓိပ္ပါယ်ကင်းမဲ့သည့်အခြေအနေတစ်ရပ်ဖြစ်သွားလိမ့်မည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် ၂၀၀၃-၀၄ ဘောလုံးရာသီတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းကို ရှုံးပွဲမရှိစံချိန်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်စေခဲ့သောစံချိန်ကို မည်သူကမျှ ချိုးဖျက်နိုင်လိမ့်မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၀က်စ်ဘရွန်းနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် ဒိုင်လူကြီးများကို ဝေဖန်စကားပြောကြား၍ အချိန်မဖြုန်းလိုကြောင်း မှတ်ချက်စကားပြောကြားသွားခဲ့ပြီး ယင်းပွဲစဉ်တွင် ၀က်စ်ဘရွန်းအသင်း ချေပဂိုးရရှိသွားသည့် ပင်နယ်တီဖြစ်စဉ်အတွက် ကွင်းလယ်ဒိုင်လူကြီး မိုက်ခ်ဒင်းန်၏ဆုံးဖြတ်ချက်ကို အာစင်ဝင်းဂါးက မကျေမနပ်ဖြစ်ခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးမှာ ချိန်ဘာလိန်း၏အကောင်းဆုံးသော စွမ်းဆောင်ရည်များကို ထုတ်ယူနိုင်ခြင်း မရှိခဲ့ဟု သုံးသပ်ပြောကြားလိုက်ပြီး ချိန်ဘာလိန်း၏ခြေစွမ်းမှာ လီဗာပူးသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့အပြီးတွင်မှ အံ့သြသင့်ဖွယ် မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ဂျာဂင်ကလော့ပ်က အသိပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်သည် အာဆင်နယ်က ၀က်စ်ဟမ်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ခရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည့်အတွက် မနက်ဖြန်(သောကြာနေ့)တွင် လီဗာပူးနှင့်ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းအတွက် ပါဝင်ကစားပေးနိုင်တော့မည် မဟုတ်ကြောင်း The Sun က ဖော်ပြထားသည်။
16-Dec-2017 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် လာမည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကို အကြီးစားပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ပြီး အသင်းကြီးလူစာရင်းရှိ ကစားသမား ၁၀ ဦးခန့်မှာ အာဆင်နယ်ကို စွန့်ခွာရဖွယ်ရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
16-Dec-2017 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လက်ရှိမော်ဒန်ခေတ် ဘောလုံးလောကတွင် ခံစစ်အားပြုသည့်အသင်းအရေအတွက် များပြားလာခြင်းကြောင့် တိုက်စစ်နည်းဗျူဟာသစ်တစ်ရပ် ဖော်ဆောင်ရန် နည်းလမ်းရှာဖွေရတော့မည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။