News

POST TAGGED AS

ARSENE WENGER

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ချယ်လ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရလိုက်သည့် ခရာဘောင်းဖလား(လိဂ်ဖလား) ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် ၎င်းကစားသမားများကို ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခြင်းဟူသည်မှာ တိုက်ပွဲတစ်ပွဲပြီးဆုံးခြင်း မဟုတ်သေးဘဲ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ချိန်သို့ရောက်မှသာ လုပ်ငန်းတစ်ခု ပြီးမြောက်သည်ဟု ဆိုနိုင်လိမ့်မည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကွင်းလယ်ကစားသမား မစ်ခီတာယန်ကို မန်ယူနည်းပြ မော်ရင်ညိုလက်အောက်တွင် ကစားခဲ့စဉ်က ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်ခဲ့ရသောအခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုပျောက်ဆုံးသည့်အခြေအနေများ ဖြစ်ပေါ်နေမည်ကို လွန်စွာ စိုးရိမ်ပူပန်နေကြောင်း The Sun က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် တိုက်စစ်မှူး ဆန်းချက်ဇ်အပြောင်းအရွှေ့အတွက် မန်ယူထံမှနေ၍ အလဲအထပ်အဖြစ် ရရှိလိုက်သော ကွင်းလယ်ကစားသမား အမ်ခီတာယန်မှာ ကမ္ဘာ့အဆင့်ကစားသမားမျိုးဖြစ်သည်ဟု ထုတ်ဖော်ချီးကျူးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏တိုက်စစ်မှူး ဆန်းချက်ဇ်မှာ လုပ်ခလစာအကျိုးခံစားခွင့် မြင့်မားစွာ ရရှိနိုင်မည့်အချက်တစ်ခုတည်းကိုကြည့်၍ မန်ယူထံသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ချမှတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားမှာ အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို လက်ခံ၍ အသင်းထံတွင် ဆက်ရှိသွားလိမ့်မည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူရေးကိစ္စရပ်ကို ၎င်းတို့ဘက်က လက်လျှော့လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည့်အတွက် ဆန်းချက်ဇ်မှာ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိရန် ကျိန်းသေလုနီးပါးရှိသွားခဲ့ပြီဖြစ်ကြောင်း Metro က ဖော်ပြထားသည်။
13-Jan-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ၎င်းအနေနှင့် ရာထူးနုတ်ထွက်ဖွယ်ရှိသည်ဟု သတင်းခန့်မှန်းချက်များ ထွက်ပေါ်နေခြင်းကို ငြင်းဆန်ပယ်ချလိုက်ပြီး ယခုချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တိုင်သည်အထိ အာဆင်နယ်နည်းပြအဖြစ် ၎င်းဆက်ရှိနေမည်မှာ သေချာကြောင်း အာစင်ဝင်းဂါးက ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ခရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာမှာ ထိလိုက်သည်နှင့် လှဲချရန်အသင့်ဖြစ်နေခဲ့ပြီး ပြစ်ဒဏ်ဘောတောင်းခံရန်သာ စဉ်းစားနေခဲ့သည်ဟု ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
08-Jan-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်အသင်းအားပေးသူများသည် နော်တင်ဟမ်ဖောရက်စ်က အာဆင်နယ်ကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အပြီးတွင် နည်းပြအာစင်ဝင်းဂါးကို ရာထူးကနုတ်ထွက်ပေးပါရန် တစ်ကျော့ပြန်လည် တောင်းဆိုလာခဲ့ကြပြီဖြစ်ပြီး အချို့သောပရိသတ်များက ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာများတွင် လက်ရှိအခြေအနေ၌ အာစင်ဝင်းဂါး၏ဇနီးသည်ကိုယ်တိုင်ကပင်လျှင် အာစင်ဝင်းဂါးကို ရာထူးနုတ်ထွက်ပေးရန် တောင်းဆိုလိမ့်မည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ထားကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ရာထူးနုတ်ထွက်ရန် စဉ်းစားမှုများရှိနေပြီဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီဖြစ်ကာ ဆုဖလားလက်မဲ့ ဘောလုံးရာသီနှင့် ကြုံဆုံရခြင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် မရရှိခြင်း အစရှိသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါက အာစင်ဝင်းဂါးမှာ အာဆင်နယ်ကို ကျိန်းသေစွန့်ခွာလိမ့်မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။