News

POST TAGGED AS

ARSENE WENGER

27-Feb-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အသင်းအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့် ဆုံးရှုံးသည့်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့ပါက နည်းပြ အာစင်ဝင်းဂါးကို ရာထူးထုတ်ပယ်လိုက်ရန် စီစဉ်ထားပြီဖြစ်ပြီး အာစင်ဝင်းဂါးကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန် နည်းပြသစ်လျာထားစာရင်းတစ်ခုကိုလည်း အာဆင်နယ်အသင်းတာဝန်ရှိသူများက ရေးဆွဲထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Feb-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်စီးတီးက အာဆင်နယ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ခရာဘောင်းဖလား ဗိုလ်လုပွဲအပြီးတွင် အနာဂတ်နှင့်စပ်လျဉ်း၍ မတင်မကျ စကားတစ်ခွန်းကို ပြောကြားသွားခဲ့ပြီး ဆုဖလားလက်မဲ့ဘောလုံးရာသီနှင့် ကြုံဆုံရင်ဆိုင်ရခြင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့် ဆုံးရှုံးရခြင်း စသည့်အခြေအနေများကို ရင်ဆိုင်ခဲ့ရပါက အာစင်ဝင်းဂါးမှာ ရာထူးနုတ်ထွက်သွားနိုင်ကြောင်း The Mirror က ဖော်ပြထားသည်။
အာဆင်နယ်ကွင်းလယ်ကစားသမား မစ်ခီတာယန်သည် ၎င်းအတွက် မန်ယူနည်းပြ မော်ရင်ညိုနှင့် အလုပ်လုပ်ခဲ့ရသည်ထက် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့်လက်တွဲအလုပ်လုပ်ရသည်က ပိုမို နှစ်လိုဖွယ်ရာကောင်းလှသည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း The Sun က ဖော်ပြထားသည်။
11-Feb-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် စပါးက အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းတို့အနေနှင့် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ အဆင့်တစ်မှနေ၍ လေးအတွင်းရပ်တည်ကာ ရာသီသိမ်းနိုင်ရန် မလွယ်ကူတော့သော်လည်း ယူရိုပါလိဂ်ကို ဦးစားပေးပစ်မှတ်အဖြစ် ထားရှိကာ ကစားသွားမည်မဟုတ်ကြောင်း အသိပေးပြောကြားလိုက်သည်ဟု Daily Star က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် စပါးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်မည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်စိန်ခေါ်မှုကို ရင်ဆိုင်ရန်အတွက် အော်ဘာမီယန်နှင့် မစ်ခီတာယန်တို့တွင် လုံလောက်သည့် ခံနိုင်ရည်အား အပြည့်အ၀ရှိထားနှင့်ပြီးဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် စပါးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားမည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လာခဲ့ရာတွင် အင်္ဂလန်ကစားသမားများမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးရာ၌ ကျွမ်းကျင်ပါရဂူအဆင့်သို့ ရောက်လာခဲ့ပြီဟု မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန်ထံသို့ ပြောင်းရွှေ့၍ ကစားသမားဘ၀ဖြတ်သန်းနေပြီဖြစ်သော အာဆင်နယ်နောက်ခံကစားသမားဟောင်း ဒီဘူချီသည် မန်ယူထံသို့ ၎င်းပြောင်းရွှေ့နိုင်မည့် အခွင့်အလမ်းကို နည်းပြအာစင်ဝင်းဂါးက တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် ဒေါသပေါက်ကွဲခဲ့ဖူးကြောင်း ဖွင့်ဟ၀န်ခံလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
06-Feb-2018 tagged as Soccer Arsenal Arsene Wenger Wilshere Ramsey
အာဆင်နယ်အသင်းသည် ရမ်ဆေးနှင့် ဝီလ်ရှိုင်းယားတို့ကို စာချုပ်သစ်ချုပ်ရန် ကြိုးပမ်းရာတွင် ကာယကံရှင် ကစားသမားများဘက်က လုပ်ခလစာတိုးမြှင့်တောင်းဆိုရန် အခြေအနေများရှိနေပြီဖြစ်၍ အခက်တွေ့နေရကြောင်း The Sun က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းထံတွင် ဆွေးနွေးညှိနှိုင်းရေးမှူး ဒစ်ခ်လော ဆက်ရှိနေမည့်အတွက် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မြင့်မားသည့် အပြောင်းအရွှေ့အသုံးစရိတ်တစ်ရပ် ရရှိနိုင်ရန် အာမခံချက်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရုပ်သံအစီအစဉ်တင်ဆက်သူ ပီးယားစ်မော်ဂန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အင်တာဗျူးခွင့်ရသည့် အစီအစဉ်တစ်ခုတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး အနားယူသွားခဲ့ပါက ယင်းရာထူးကို ဆက်ခံ၍ အလုပ်လုပ်ရန် စိတ်ဝင်စားခြင်း ရှိ၊ မရှိ အံ့သြသင့်ဖွယ် ထည့်သွင်းမးမြန်းသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။