News

POST TAGGED AS

ARSENE WENGER

02-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က စတုတ်စီးတီးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းပိုင် အမ်းမရိတ်စ်ဘောလုံးကွင်းသို့ လာရောက်၍ ပွဲတက်ရောက်ကြည့်ရှုသော ပရိသတ်အရေအတွက် လျော့နည်းခဲ့သည်မှာ အီစတာပွဲတော်ကာလနှင့် တိုက်ဆိုင်နေ၍ဖြစ်သည်ဟု ဖြေရှင်းတုံ့ပြန်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်းအနေနှင့် အကျပ်အတည်းများ ရင်ဆိုင်ကြုံဆုံနေရချိန်တွင် အနားယူသွားခဲ့ပြီဖြစ်သော မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်ထံမှနေ၍ အားပေးထောက်ခံမှုများ အဆက်မပြတ် ရရှိခဲ့ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး ၎င်းအနေနှင့် နည်းပြဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ဖာဂူဆန်နှင့် စကားစစ်ထိုးမှုများ၊ အချေအတင်ဖြစ်မှုများ မကြာခဏရှိခဲ့သော်လည်း လက်ရှိတွင်မူ ၎င်းနှင့်ဖာဂူဆန်တို့၏ဆက်ဆံရေးမှာ လွန်စွာရင်းနှီးသောမိတ်ဆွေများအဖြစ် ရှိနေပြီဟုလည်း အာစင်ဝင်းဂါးက ပြောကြားသွားခဲ့သေးကြောင်း Sportmail က ဖော်ပြထားသည်။
အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ရေးပါလာသည် အာဆင်နယ်နည်းပြအဖြစ် အာစင်ဝင်းဂါး ဆက်လက်ရှိသွားနိုင်ခြေရှိနေသည်ဟု မှတ်ချက်ပေးအပ်လိုက်ပြီး အာစင်ဝင်းဂါး၏ရာထူးကို အကြီးမားဆုံး အာမခံချက်ပေးမည့်သူမှာ အသင်းအဓိကရှယ်ယာရှင် ခရွန်ကီဖြစ်သည်ဟု ရေးပါလာက ထောက်ပြသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
အာဆင်နယ်အသင်း နောက်ခံကစားသမားဟောင်း ဒစ်ခ်ဆန်သည် ၎င်း၏ဆရာဟောင်း အာစင်ဝင်းဂါးကို ဝေဖန်ထိုးနှက်စကားများ ပြောကြားလိုက်ပြီဖြစ်ပြီး အက်ရှ်လေကိုးလ်ကို ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးဖြစ်လာစေရန် ပြုစုပျိုးထောင်ခဲ့သူမှာ အာစင်ဝင်းဂါးမဟုတ်ဘဲ တိုနီအဒမ်ဖြစ်ကြောင်း၊ နောက်ပိုင်းနှစ်ကာလများတွင် အာဆင်နယ်ထံ၌ ယင်းသို့သောဖြစ်စဉ်မျိုး များစွာဖြစ်ပေါ်ခဲ့ဖူးကြောင်း ဒစ်ခ်ဆန်က အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏အသင်းမှာ တိုးတက်ခြင်းမရှိဘော့ဘဲ ဆုတ်ယုတ်မှုများဖြင့် ရင်ဆိုင်နေရပြီဟု ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်တစ်နေရာစာကို ပရီးမီးယားလိဂ်ပြိုင်ပွဲကတစ်ဆင့် ရယူနိုင်ရန်မှာလည်း ၎င်းတို့အတွက် လွန်စွာခက်ခဲသွားပြီဖြစ်ကြောင်း အာစင်ဝင်းဂါးက ဆက်လက်ပြောကြားသွာခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
04-Mar-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် နည်းပြ အာစင်ဝင်းဂါးကို ရာထူးထုတ်ပယ်လိုက်ရန် သေချာသွားခဲ့ပြီဖြစ်ပြီး အာစင်ဝင်းဂါး၏နေရာကို အစားဖြည့်ရန်အတွက် ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုးကို ပထမဦးစားပေးပစ်မှတ်အဖြစ် ထားရှိ၍ အာဆင်နယ်အသင်းတာဝန်ရှိသူများက ဆက်သွယ်ကမ်းလှမ်းနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
03-Mar-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်စီးတီးက အာဆင်နယ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အ၀တ်လဲခန်းအတွင်း၌ အသင်းသားများအားလုံးကို ခေါ်ယူတွေ့ဆုံ၍ ယခုပွဲစဉ်အရှုံးရလဒ်ကြောင့် ၎င်းအနေနှင့် အနာဂတ်မရေရာမှုများကို ရင်ဆိုင်ရရန် သေချာသွားခဲ့ပြီဟု ဖွင့်ဟ၀န်ခံလိုက်ကြောင်းDaily Mail က ဖော်ပြထားသည်။
03-Mar-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြ အာစင်ဝင်းဂါးကို အယုံအကြည်ကင်းမဲ့သွားခဲ့ကြပြီဖြစ်ကာ ယင်းအတွက် များမကြာမီအချိန်အတွင်း အသင်းနှင့် အာစင်ဝင်းဂါးတို့ လမ်းခွဲသည့်သတင်းကို အာဆင်နယ်တာဝန်ရှိသူများက ထုတ်ပြန်ကြေညာကြဖွယ်ရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
စပါးနည်းပြ ပိုချက်တီနိုသည် ၎င်းအနေနှင့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး လက်ရှိကြုံဆုံရင်ဆိုင်နေရသည့်အ ခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရမည်ဆိုပါက ရာထူးနုတ်ထွက်ရန်သာ ဆုံးဖြတ်ပစ်လိုက်မည်ဟု မှတ်ချက်ပေးပြောကြားသွားခဲ့ပြီး ပရိသတ်များ၏ထောက်ခံမှုလျော့ကျနေသော နည်းပြဘ၀ဟူသည်မှာ လွန်စွာရှက်ရွံ့ခံပြင်းဖွယ်ကောင်းလှသည်ဟု ၎င်းအနေနှင့် ယူဆထားကြောင်းလည်း ပိုချက်တီနိုက ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
28-Feb-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းရပ်တည်မှု ဆိုးရွားခဲ့ပါက လာမည့်နွေရာသီကာလတွင် ကြီးစွာသောအပြောင်းအလဲတစ်ရပ်ကို ၎င်းတို့အနေနှင့် မလွဲမသွေ ရင်ဆိုင်ကြရတော့မည်ဟု အသင်းကစားသမားများကို သတိပေးစကားပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိတွင် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကလည်း အာစင်ဝင်းဂါးကို ခေါ်ယူ၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပကာ ၎င်းတို့၏သဘောထားကို ပွင့်ပွင့်လင်းလင်း အသိပေးလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။