News

POST TAGGED AS

ARSENE WENGER

ဘရာဇီး၊ ပြင်သစ်နှင့် အင်္ဂလန်တို့အနက်မှ တစ်သင်းဗိုလ်စွဲမည်ဟု အာစင်ဝင်းဂါး ခန့်မှန်း

လန်ဒန်၊ ဇူလိုင် ၃

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ဘရာဇီး၊ ပြင်သစ်နှင့် အင်္ဂလန်တို့အနက်မှ တစ်သင်းမှာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံအဖြစ် အောင်ပွဲခံလိမ့်မည်ဟု ခန့်မှန်းပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

အာစင်ဝင်းဂါးသည် ၁၉၅၄ ခုနှစ်ကစ၍ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက လူနေမှုထူထပ်သည့်နိုင်ငံများကသာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်လေ့ရှိသည်ကို မြင်တွေ့ရလိမ့်မည်ဟု မှတ်ချက်ပေးထားပြီး ၎င်းကမူ ပြင်သစ်လူမျိုးတစ်ဦးဖြစ်သည့်အတွက် ပြင်သစ်အသင်း တစ်ကျော့ပြန်လည် ချန်ပီယံဖြစ်သည်ကိုသာ တွေ့မြင်ခွင့်ရလိုသည်ဟုလည်း အာစင်ဝင်းဂါးက အသိပေးသွားခဲ့သည်။

အာစင်ဝင်းဂါးသည် ခရိုအေးရှားနှင့် ဘယ်လ်ဂျီယံတို့မှာ အရည်အချင်းရှိသော အသင်းကောင်းများဖြစ်သော်လည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးကိုင်မြှောက်နိုင်ရန်အတွက် စံချိန်စံညွှန်း မမီသေးဟု ပြောကြားသွားခဲ့ပြီး ပြင်သစ်အသင်းကမူ ပွဲလမ်းကြောင်း အကျပ်အတည်းကို အကောင်းဆုံးကျော်ဖြတ်၍ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်လိမ့်မည်ဟုလည်း အာစင်ဝင်းဂါးက မျှော်လင့်ထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “၁၉၅၄ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အထိ ကမ္ဘာ့ဖလားကို ဆွတ်ခူးကိုင်မြှောက်နိုင်ခဲ့တဲ့အသင်းတွေက လူနေမှုထူထပ်တဲ့နိုင်ငံတွေဖြစ်တာကို မြင်တွေ့ရပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းကာလမှာ လူဦးရေ သန်း ၄၀ နဲ့အထက် ရှိတဲ့နိုင်ငံတွေကသာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တာကို ကျွန်တော့်အတွေ့အကြုံအရ သိရှိထားပါတယ်။ လက်ကျန်အသင်းတွေထဲမှာ ချန်ပီယံဆုရဖို့ အခွင့်အလမ်းအကောင်းဆုံးဖြစ်နေတာက ဘရာဇီး၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ပါပဲ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US