News

POST TAGGED AS

ARSENE WENGER

02-May-2018

Soccer Premier League Arsenal Arsene Wenger
အသင်းပွဲကြည့်စင်တစ်ခုကို အာစင်ဝင်းဂါးအမည်မှည့်ခေါ်၍ အာဆင်နယ် ဂုဏ်ပြုမည်

လန်ဒန်၊ မေ ၂

အာဆင်နယ်အသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနှင့်လမ်းခွဲတော့မည့် နည်းပြ အာစင်ဝင်းဂါးကို ဂုဏ်ပြုရန် အစီအစဉ်တစ်ရပ် ရေးဆွဲထားပြီဖြစ်ပြီး အသင်းပိုင် အမ်းမရိတ်စ်ဘောလုံးကွင်း၏အနောက်ဘက်ပွဲကြည့်စင်ကို အာစင်ဝင်းဂါးပွဲကြည့်စင်ဟု အမည်မှည့်ခေါ်၍ အာဆင်နယ်က ဂုဏ်ပြုလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ယူအသင်းသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်၌ အသင်းဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်ကို အသင်းထံတွင် နည်းပြဘ၀ဖြတ်သန်းမှု ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်း၏မြောက်ဘက်တန်းပွဲကြည့်စင်ကို ဆာအဲလက်စ်ဖာဂူဆန်ပွဲကြည့်စင်ဟု အမည်ပေးအပ်မှည့်ခေါ်၍ ဖာဂူဆန်ကို ဂုဏ်ပြုခဲ့ပြီး လက်ရှိတွင် အာဆင်နယ်ကလည်း အလားတူနည်းလမ်းကို အသုံးပြု၍ အာစင်ဝင်းဂါးကို ဂုဏ်ပြုလိုက်ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးသည် ၁၉၉၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်တိုင်သည်အထိ အာဆင်နယ်အတွက် နှစ်ပေါင်း ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပေးခဲ့ကာ အဆိုပါ ၂၂ နှစ်တာကာလအတွင်း အာစင်ဝင်းဂါးက အာဆင်နယ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးချန်ပီယံသုံးကြိမ်၊ အက်ဖ်အေဖလားပြိုင်ပွဲတွင် ရှုံးထွက်ချန်ပီယံ ခုနစ်ကြိမ် ဖြစ်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

လာမည့်တနင်္ဂနွေနေ့တွင် အာဆင်နယ်နှင့် ဘန်လေတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်သည် အာစင်ဝင်းဂါး၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု နောက်ဆုံးပွဲစဉ်ဖြစ်လာလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်ကို တက်ရောက်ကြည့်ရှု၍ အာစင်ဝင်းဂါးကို ဂုဏ်ပြုရန် အသင်းအတွက် ပွဲစဉ်ပေါင်း ၁၀၀ နှင့်အထက် ကစားပေးခဲ့သူ ဂန္ထ၀င်ကစားသမားများကို အာဆင်နယ်အသင်းတာဝန်ရှိသူများက ဖိတ်ကြားထားပြီလည်းဖြစ်သည်။




FOLLOW US