News

POST TAGGED AS

ARSENAL

အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် အသင်းနည်းပြသစ်လျာထားစာရင်းတွင် မန်ယူလက်ထောက်နည်းပြ ရူအီ ဖာရီရာကို ထည့်သွင်းလိုက်ပြီဖြစ်ပြီး အာဆင်နယ်၏နည်းပြသစ်လျာထားစာရင်းတွင် ပါဝင်သူအရေအတွက်မှာ လက်ရှိတွင် ၁၄ ဦးသို့ မြင့်တက်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
01-May-2018 tagged as Soccer Arsenal Arsene Wenger EPL
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် နည်းပြအာစင်ဝင်းဂါး၏အိမ်ကွင်းနောက်ဆုံးပွဲစဉ်ကို တက်ရောက်ကြည့်ရှုအားပေးရန်အတွက် အသင်းဂန္ထ၀င်ကစားသမားများကို ဖိတ်ကြားထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
29-Apr-2018 tagged as Soccer Serie A Arsenal Juventus Allegri
အာဆင်နယ်နည်းပြသစ် လျာထားစာရင်းတွင် ပါဝင်နေသည့် ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီသည် ၎င်းအနေနှင့် အာဆင်နယ်နည်းပြရာထူးကို လက်ခံမည်မဟုတ်ဘဲ ဂျူဗင်တပ်ကို အနိမ့်ဆုံးအဖြစ် ဘောလုံးရာသီတစ်ရာသီခန့် ဆက်လက်ဦးဆောင်သွားရန်သာ ဆုံးဖြတ်ထားကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
28-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
တရုတ်ဆူပါလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်သင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်နှင့်လမ်းခွဲတော့မည့် နည်းပြအာစင်ဝင်းဂါးကို ကမ္ဘာ့စံချိန်တင်လုပ်ခလစာဖြင့် ခေါ်ယူရန် ကမ်းလှမ်းဆက်သွယ်ထားပြီဖြစ်ပြီး ကာယကံရှင် အာစင်ဝင်းဂါးကမူ လက်ရှိအချိန်တိုင်သည်အထိ ၎င်း၏အနာဂတ်ကို ယတိပြတ်ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း The Mirror က ဖော်ပြသွားခဲ့သည်။
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်နှင့် လမ်းခွဲတော့မည်ဖြစ်သော နည်းပြ အာစင်ဝင်းဂါးကို အသင်း၏အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ရန် တရားဝင်ကမ်းလှမ်းထားပြီဖြစ်ပြီး အာစင်ဝင်းဂါးကမူ ယင်းကမ်းလှမ်းမှုကို လက်ခံမည်၊ လက်မခံမည် ယတိပြတ် ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်ကို ခေါ်ယူရန်အတွက် မန်ယူ၊ ချယ်လ်ဆီးတို့နှင့်အပြိုင် ကြိုးပမ်းသွားတော့မည်ဖြစ်ပြီး နိုင်ဂိုလန်၏တန်ကြေးကို ရိုးမားက ပေါင် ၄၅ သန်းသတ်မှတ်ထားကြောင်း Daily Star က ဖော်ပြထားသည်။
26-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းနှင့် ၎င်းအကြား လမ်းခွဲသည့်သတင်းကို အသင်းတာဝန်ရှိသူများဘက်က ပုံစံအမျိုးမျိုးဖြင့် ပြင်ဆင်ပြောင်းလဲဖော်ပြနေသည့်အတွက် လွန်စွာ စိတ်ပျက်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်နှင့် အက်သလက်တီကိုတို့ ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် ၎င်းအနေနှင့် အလုပ်သစ်လက်ခံရန် အသင့်မဖြစ်သေးဟု ဖွင့်ဟအသိပေးလိုက်ပြီး အသင်း၏နည်းပြသစ်ရွေးချယ်ရေးလုပ်ငန်းစဉ်တွင်လည်း ၎င်းဝင်စွက်ဖက်မည်မဟုတ်ဟု အာစင်ဝင်းဂါးက ဆက်လက်ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ဗီအဲရာသည် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ၎င်းအနေနှင့် ဥရောပတွင် နည်းပြတာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေပြီဟု ဖွင့်ဟအသိပေးသွားခဲ့ပြီး ယင်းအတွက် နည်းပြ အာစင်ဝင်းဂါး၏နေရာကို ဗီအဲရာ အစားဝင်ရောက်၍ အာဆင်နယ်နည်းပြသစ်ဖြစ်လာဖွယ်ရှိသည်ဟူသော မှန်းဆချက်များမှာ တစ်ကျော့ပြန်လည် ရေပန်းစားလာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်း၏အဓိကကစားသမားများဖြစ်ကြသော တိုက်စစ်မှူး ဝဲလ်ဘက်ခ်၊ ကွင်းလယ်လူ ရမ်ဆေးနှင့် ဂိုးသမား ပီတာချက်တို့သည် နည်းပြသစ်ကို သိရှိပြီးမှသာလျှင် ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို အသိပေးထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။