News

POST TAGGED AS

ARSENAL

အာဆင်နယ်နောက်ခံလူ ဘယ်လာရင်သည် ၎င်းအနေနှင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းရန် အစီအစဉ်မရှိကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး ဂျူဗင်တပ်နှင့် ဘာစီလိုနာတို့က ၎င်းကိုခေါ်ယူရန် ချဉ်းကပ်လာလျှင်လည်း ငြင်းဆန်သွားမည်သာဖြစ်သည်ဟု ဘယ်လာရင်က ပြောကြားသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
12-May-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် စပါးအသင်းကို ဘောလုံးကွင်းသစ်တည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွက် တန်ရာတန်ကြေးတစ်ခု မလွဲမသွေ ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု သတိပေးစကားပြောကြားလိုက်ပြီး ယင်းတန်ရာတန်ကြေးဟူသည်မှာ အခြားမဟုတ်ဘဲ အသင်းရှိ ကစားသမားကောင်းများကို လက်လွှတ်ဆုံးရှုံးရခြင်းပင်ဖြစ်လိမ့်မည်ဟု အာစင်ဝင်းဂါးက အသိပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
10-May-2018 tagged as Soccer Premier League Arsenal
အာဆင်နယ်အသင်းသည် လက်ရှိ ၂၀၁၈ ခုနှစ်အတွင်း အင်္ဂလန်ကလပ်အသင်းပေါင်း ၉၂ သင်းအနက် အဝေးကွင်းရလဒ်အဆိုးရွားဆုံးသောအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
10-May-2018 tagged as Soccer Premier League Arsenal Allegri
အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြသစ်လျာထားစာရင်း နောက်ဆုံးအဆင့် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယခုစာရင်းတွင် နည်းပြအရေအတွက် ငါးဦးသာ ပါရှိတော့ကြောင်း Daily Mail က ဖော်ပြထားသည်။
08-May-2018 tagged as Soccer Premier League Arsenal Arsene Wenger
လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်နှင့်လမ်းခွဲတော့မည်ဖြစ်သော နည်းပြ အာစင်ဝင်းဂါးသည် ၎င်းအနေနှင့် အလုပ်သစ်ကမ်းလှမ်းမှုပေါင်းများစွာကို လက်ခံရရှိထားသည့်အတွက် အနားယူဦးမည်မဟုတ်ဘဲ လုပ်ငန်းခွင်အတွင်း ဆက်လက်ကျင်လည်ဖြတ်သန်းနေဦးမည်သာဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
08-May-2018 tagged as Soccer Premier League Arsenal Koscielny
အာဆင်နယ်နောက်ခံကစားသမား ကော့စီရယ်လ်နီသည် အက်သလက်တီကိုက အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ရရှိခဲ့သော ခြေဖနောင့်ကြောစုတ်ပြဲဒဏ်ရာကြောင့် ခြောက်လကြာ အနားယူရတော့မည်ဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
07-May-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနှင့်လမ်းခွဲတော့မည်ဖြစ်သော်လည်း အသင်းပရိသတ်တစ်ဦးအဖြစ် အာဆင်နယ်ထံသို့ အမြဲတစေ ၎င်းလာရောက်သည်ကို အနာဂတ်ကာလတွင် ဆက်လက်တွေ့မြင်နေရဦးမည်သာဖြစ်ကြောင်း အသိပေးပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
07-May-2018 tagged as Soccer Premier League Arsenal Ozil
အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်သည် နောက်ကျောဒဏ်ရာရရှိထားသည့်အတွက် အနားယူဆေးကုသခံနေရပြီဖြစ်ပြီး ယင်းဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားခွင့် ဆုံးရှုံးရမည်ကို အိုဇေးလ်က အလွန်အမင်း စိုးရိမ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
05-May-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏ရာထူးကို ဆက်ခံမည့် အသင်းနည်းပြသစ်အနေနှင့် အာဆင်နယ်ကို ကိုယ်ပိုင်ဆိုင်သည့်အသင်းကဲ့သို့ တန်ဖိုးထားနိုင်မှသာလျှင် ကာလရှည်ကြာ ရာထူးတည်မြဲရန် အာမခံချက်တစ်ရပ် ရနိုင်လိမ့်မည်ဖြစ်ကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
02-May-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်အသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနှင့်လမ်းခွဲတော့မည့် နည်းပြ အာစင်ဝင်းဂါးကို ဂုဏ်ပြုရန် အစီအစဉ်တစ်ရပ် ရေးဆွဲထားပြီဖြစ်ပြီး အသင်းပိုင် အမ်းမရိတ်စ်ဘောလုံးကွင်း၏အနောက်ဘက်ပွဲကြည့်စင်ကို အာစင်ဝင်းဂါးပွဲကြည့်စင်ဟု အမည်မှည့်ခေါ်၍ အာဆင်နယ်က ဂုဏ်ပြုလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။