News

POST TAGGED AS

ARSENAL

11-Jul-2018 tagged as Soccer Premier League Arsenal
အာဆင်နယ်အသင်း ကွင်းလယ်ကစားသမားသစ် တော်ရိုင်ရာသည် အိုဇေးလ်ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၁၁ ကို ရယူသွားခဲ့ပြီး ၎င်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှနေ၍ ဥရုဂွေးအသင်း ရှုံးနိမ့်ထွက်ခွာလိုက်ရအပြီး ရက်အနည်းငယ်အတွင်း၌ပင် ဆမ်ဒိုးရီးယားမှနေ၍ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရန် စီစဉ်ထားခြင်းကို အလျင်အမြန် အဆုံးသတ်လိုက်ခြင်းဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် အသင်းကွင်းလယ်ကို အားဖြည့်ရန်အတွက် ၎င်း၏တပည့်ဟောင်းတစ်ဦးဖြစ်သည့် ဆီဗီလာကွင်းလယ်လူ အန်ဇွန်ဇီကို ခေါ်ယူရန် ကြိုးပမ်းနေပြီဖြစ်ပြီး အန်ဇွန်ဇီအပြောင်းအရွှေ့အတွက် ဆီဗီလာနှင့် အာဆင်နယ်တို့အကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် ဒေါ့မွန်နောက်ခံကစားသမား ဆိုခရာတစ် ပါပါစတာသိုပူးလော့စ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၆ သန်း အသုံးပြုခေါ်ယူလိုက်ပြီဖြစ်ပြီး အသက် ၃၀ အရွယ်ရှိ ဆိုခရာတစ်နှင့် အသင်းအကြားတွင် နှစ်ရှည်စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း အာဆင်နယ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားပြီလည်းဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
20-Jun-2018 tagged as Soccer Premier League Arsenal Wilshere
အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် အာဆင်နယ်နှင့်စာချုပ်သစ်ချုပ်တော့မည်မဟုတ်ဘဲ အသင်းပြောင်းတော့မည်ဟု အတည်ပြုလိုက်ပြီဖြစ်ကာ ယင်းအတွက် ၎င်းကိုခေါ်ယူရန် အာဆင်နယ်၏ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က ဆက်သွယ်ဆွေးနွေးမှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် အသင်းကို အင်အားဖြည့်တင်းရန်အတွက် လေဗာကူဆင်ဂိုးသမား ဘန်းဒ်လီနိုကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၂ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် လေဗာကူဆင်ဂိုးသမား ဘန်းဒ်လီနိုနှင့် ဆမ်ဒိုးရီးယားကွင်းလယ်လူ တော်ရိုင်ရာတို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ပြီး ယင်းကစားသမားနှစ်ဦးအတွက် စုစုပေါင်းပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၈ သန်း အသုံးပြုရန် အာဆင်နယ်က စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် အီတလီစီးရီးအေကလပ် ဂျူဗင်တပ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်သော ဆွစ်ဇာလန်လက်ရွေးစင်နောက်ခံကစားသမား လစ်ခ်ျစတိန်နာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရရှိလိုက်ပြီဖြစ်ပြီး ၎င်းမှာ နည်းပြသစ် ယူနိုင်းအမ်မရီလက်ထက်တွင် အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ပထမဆုံးသော ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ဒေါ့မွန်ကွင်းလယ်ကစားသမား ပါပါစတာသိုပူးလော့စ်၏ဖခင်ဖြစ်သူသည် ၎င်း၏သားမှာ အာဆင်နယ်ကလွဲ၍ အခြားသောအသင်းများထံသို့ ပြောင်းရွှေ့လိမ့်မည်မဟုတ်ကြောင်း၊ ဒေါ့မွန်နှင့် မန်ယူအကြားတွင် ပါပါစတာသိုပူးလော့စ်အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသော်လည်း ပါပါစတာသိုပူးလော့စ်က သဘောတူလက်ခံလိမ့်မည်မဟုတ်၍ အပြောင်းအရွှေ့ဖြစ်မြောက်ရန်မှာ ခက်ခဲနိုင်ကြောင်း ပြောကြားသွားခဲ့သည်ဟု The Bild က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် လာမည့်သီတင်းပတ်အတွင်း၌ ဝီလ်ရှိုင်းယား၊ ရမ်ဆေးတို့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောဆိုကာ ယင်းကစားသမားများ၏အနာဂတ်ကို ဆုံးဖြတ်သွားတော့မည်ဖြစ်ပြီး ၎င်းအနေနှင့် အသင်းရှိ ကစားသမားများ၏အခြေအနေကို ကိုင်တွယ်ဖြေရှင်းပြီးမှသာလျှင် ကစားသမားသစ်ခေါ်ယူရေးအတွက် အစီအမံများ ရေးဆွဲနိုင်လိမ့်မည်ဟု ယူနိုင်းအမ်မရီက အသိပေးထားကြောင်း Daily Star က ဖော်ပြထားသည်။
27-May-2018 tagged as Soccer Neymar Arsenal PSG Unai Emery
အာဆင်နယ်နည်းပြသစ် ယူနိုင်းအမ်မရီသည် ပီအက်စ်ဂျီထံတွင် နည်းပြဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ၎င်းရင်ဆိုင်ခဲ့ရသည့် အကျပ်အတည်းများကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပြီး ကစားသမားကောင်းများစွာရှိသည့် မန်စီးတီးထံတွင် ဂွါဒီယိုလာက နည်းပြတစ်ဦး၏လုပ်ပိုင်ခွင့်နှင့် သြဇာအာဏာကို အပြည့်အ၀ရရှိခဲ့သော်လည်း ပီအက်စ်ဂျီထံတွင်မူ ၎င်းက ယင်းအခွင့်အရေးကို အပြည့်အ၀ မရရှိခဲ့ကြောင်း အမ်မရီက အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။