News

POST TAGGED AS

ARSENAL

26-Aug-2018 tagged as Soccer Premier League Arsenal Ramsey
အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးသည် စာချုပ်သစ်နှင့်သက်ဆိုင်သည့် အပြီးသတ်ဆုံးဖြတ်ချက်ကို လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်သို့ရောက်မှသာ ချမှတ်ရန် အပြီးသတ်ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး အာဆင်နယ်အသင်းတာဝန်ရှိသူများမှာ ယမန်နှစ်ဘောလုံးရာသီ၌ ဇန်နဝါရီဈေးကွက်တွင် ဆန်းချက်ဇ်ကို လက်လွှတ်ပေးလိုက်ရသည့်အခြေအနေမျိုး တစ်ကျော့ပြန်လည်ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း Daily Star က ဖော်ပြထားသည်။
21-Aug-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးသည် အာဆင်နယ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ဆုံး ၂ နှစ်တာကာလအတွင်း ကိုယ်ပိုင်သက်တော်စောင့်တစ်ဦး ခန့်အပ်ထားခဲ့ရပြီး ယင်းသက်တော်စောင့်မှာ အာဆင်နယ်အသင်း ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်များ၌ပင် အာစင်ဝင်းဂါးကို လိုက်လံစောင့်ရှောက်ပေးခဲ့ရကြောင်း Daily Mail က ဖော်ပြထားသည်။
20-Aug-2018 tagged as Soccer Premier League Arsenal Ramsey
အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးသည် အသင်းနှင့်စာချုပ်သစ်ချုပ်ရန် ဆွေးနွေးရာတွင် အဆင်မပြေသေးသည့်အတွက် ၎င်းကို အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန်မှာ အာဆင်နယ်အတွက် မရေရာမှုများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်ကွင်းလယ်ကစားသမား မိတ်လန်းဒ်-နိုင်းလ်စ်သည် မန်စီးတီးက အာဆင်နယ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ရာသီဖွင့်ပွဲစဉ်တွင် ဘယ်ဘက်ခြေထောက် အရိုးအက်ဒဏ်ရာရရှိသွားခဲ့သည့်အတွက် သီတင်းပတ် ခြောက်ပတ်မှနေ၍ ရှစ်ပတ်အကြား အနားယူဆေးကုသခံရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း တိုနီအဒမ်သည် အာဆင်နယ်နည်းပြသစ် ယူနိုင်းအမ်မရီ၏အလုပ်လုပ်ကိုင်နေပုံများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး လွန်ခဲ့သည့် သီတင်းငါးပတ် ခြောက်ပတ်အတွင်း အမ်မရီ မည်သည့်အလုပ်များလုပ်နေခဲ့သည်ဆိုခြင်းကို ၎င်းအနေနှင့် လွန်စွာ သိလိုမိသည်ဟု တိုနီအဒမ်က ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
13-Aug-2018 tagged as Soccer Premier League Arsenal Petr Cech
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် မန်စီးတီးက အာဆင်နယ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အသင်းပွဲထွက်ဂိုးသမား ပီတာချက်ကို ဝိုင်းဝန်းဝေဖန်နေသည်များအား လျစ်လျူရှုစကားပြောကြားလိုက်ကာ ၎င်းအနေနှင့် ရှေ့လာမည့်ပွဲစဉ်များတွင် အသင်းပွဲထွက်ဂိုးသမားအဖြစ် ပီတာချက်ကိုသာ ဆက်လက်နေရာပေးသွားမည်ဟု အမ်မရီက အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
08-Aug-2018 tagged as Soccer Premier League Arsenal Kroenke Usamanov
အာဆင်နယ်အသင်း၏အဓိကရှယ်ယာရှင်တစ်ဦးအဖြစ် ရပ်တည်နေသော ရုရှားသန်းကြွယ်သူဌေး အူစမာနော့ဗ်သည် ၎င်းပိုင်ဆိုင်ထားသည့် ရှယ်ယာများကို ခရွန်ကီထံသို့ ရောင်းချပေးရန် သဘောတူညီလိုက်ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ယင်းရှယ်ယာများကို လက်လွှဲပြောင်းရေးအတွက် ပေါင်သန်း ၅၀၀ ပမာဏဖြင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်ဟု အူစမာနော့ဗ်က အတည်ပြုသွားခဲ့ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
04-Aug-2018 tagged as Soccer Premier League Arsenal Kolasinac
အာဆင်နယ်ဘယ်နောက်ခံလူ ကိုလာဆီနက်သည် ရာသီကြိုခြေစမ်းပွဲတွင်ရရှိခဲ့သော ဒူးဒဏ်ရာပြင်းထန်သည့်အတွက် သီတင်းရှစ်ပတ်မှ ၁၀ ပတ်အထိ အနားယူရတော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ချယ်လ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီးတို့သည် အသင်းကစားသမားများဖြစ်ကြသော ပီဒရို၊ အိုင်ဝိုဘီနှင့် ဂါဘရီရယ်လ်ဂျီးဆပ်စ်တို့ကို စာချုပ်သစ်များ အသီးသီး လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
29-Jul-2018 tagged as Soccer Premier League Chelsea Arsenal Ramsey
ချယ်လ်ဆီးအသင်းသည် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ပြီး အာဆင်နယ်နည်းပြသစ် ယူနိုင်းအမ်မရီကမူ ရမ်ဆေးမှာ စာချုပ်သစ် လက်မှတ်ရေးထိုးပြီး အသင်းထံတွင် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းလိမ့်မည်ဟု မျှော်လင့်ချက်ထားရှိနေဆဲဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။