News

POST TAGGED AS

ARSENAL

12-Nov-2017 tagged as Soccer Arsenal Zaha Crystal Palace
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဆန်းချက်ဇ်ကို လက်လွှတ်လိုက်ရမည်ဆိုပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ခရစ္စတယ်ပဲလေ့စ် တိုက်စစ်တောင်ပံကစားသမား ဇာဟာကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
08-Nov-2017 tagged as Soccer Premier League Arsenal Ozil Wilshere
အာဆင်နယ်အသင်း ကွင်းလယ်ကစားကွက်ဖန်တီးရှင် အိုဇေးလ်သည် အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်ရန် ဆွေးနွေးရာတွင် စာချုပ်သစ်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ကျောနံပါတ် ၁၀ ကို ၎င်းအား ၀တ်ဆင်ခွင့်ပေးရန် ထည့်သွင်းတောင်းဆိုထားသည်ဟု The Sun က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်စီးတီးက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်စီးတီးအသင်း ပင်နယ်တီရရှိသွားခဲ့သည့်ဖြစ်စဉ်၌ စတာလင်းမှာ ဟန်ဆောင်ဒိုင်ဗင်ထိုး၍ ပင်နယ်တီ ရှာဖွေသွားခြင်း ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပြီး စတာလင်း ဒိုင်ဗင်သမားဖြစ်သည်ကို လူတိုင်း သိရှိနေပြီဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက ထပ်လောင်းပြောကြားသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
05-Nov-2017 tagged as Soccer Premier League Arsenal Sanchez
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမင်နစ်ဂီသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်မှာ ပြောင်းရွှေ့ကစားမည့်အသင်းကို ရွေးချယ်ထားပြီးဖြစ်သည်ဟု ဖွင့်ဟပြောကြားသွားခဲ့ပြီး ယင်းအသင်းမှာ ဘိုင်ယန်မြူးနစ် မဟုတ်ဟုလည်း ရူမင်နစ်ဂီက တစ်ပါတည်း အသိပေးသွားခဲ့ကြောင်း The Bild က ဖော်ပြထားသည်။
30-Oct-2017 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဆွမ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှာ ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု ပွဲ ၈၀၀ ပြည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ကြောင်းကို ရုပ်သံသတင်းကြည့်ရှုလိုက်မိ၍သာ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
29-Oct-2017 tagged as Soccer Premier League Arsenal Everton Sanchez
အဲဗာတန်အသင်းပိုင်ရှင် ဖာဟက်ဒ် မိုရှီရီသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် စောင့်ကြည့်အကဲခတ်နေပြီဖြစ်ပြီး ကာယကံရှင် ကစားသမားဖြစ်သူနှင့် သဘောတူညီမှု ရယူနိုင်ခဲ့မည်ဆိုပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် အဲဗာတန်က ကမ်းလှမ်းမှုများ ဆောင်ရွက်သွားဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Oct-2017 tagged as Soccer Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအားပေးသူပရိသတ်များမှာ အာဆင်နယ်အတွက် ၎င်းရယူပေးခဲ့သော အောင်မြင်မှုများကို အလွယ်တကူ မေ့ပစ်နေကြသည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး လက်ရှိအချိန်အတွင် ၎င်းခံစားနေရသည်မှာ ဥရောပသမဂ္ဂလက်အောက်မှနေ၍ ဗြိတိန်ခွဲထွက်ရန် မဲပေးပွဲကျင်းပစဉ်က ဥရောပကော်မရှင် ခံစားခဲ့ရသည့် ခံစားချက်နှင့် အလားသဏ္ဌာန်တူနေကြောင်း အာစင်ဝင်းဂါးက ဆက်လက်အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်သည် နည်းပြအာစင်ဝင်းဂါးက ၎င်းကို ကစားနေကျ မဟုတ်သည့်နေရာတွင် ကစာခိုင်းထားသည့်အတွက် မပျော်မရွှင်ဖြစ်ရကြောင်း အသိပေးသွားခဲ့ပြီး ၎င်းမှာ အာဆင်နယ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလတစ်လျှောက် အသင်းအတွက် အရာရာကိုပေးဆပ်၍ အကောင်းဆုံးကစားပေးခဲ့သူဖြစ်သည်ဟုလည်း အိုဇေးလ်က ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူ၊ အာဆင်နယ်နှင့် လီဗာပူးအသင်းအကြီးအကဲများသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ညစာအတူတကွ စားသောက်၍ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြကြောင်း Daily Mail က ဖော်ပြထားသည်။
26-Oct-2017 tagged as Soccer Premier League Barcelona Arsenal
အာဆင်နယ်အသင်းသည် ဘာစီလိုနာဒါရိုက်တာ ဆနယ်လီဟီကို ခေါ်ယူရန် သဘောတူညီမှုတစ်ရပ် ရရှိလိုက်ပြီဖြစ်ပြီး အာဆင်နယ်အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်မှာ ဆနယ်လီဟီကို ၎င်း၏ညာလက်ရုံးအဖြစ်ထားရှိရန် ခေါ်ယူလိုက်ခြင်းဖြစ်သည့်အတွက် ဂါဇီဒစ်နှင့် နည်းပြ အာစင်ဝင်းဂါးရှိ ပါဝါလွန်ဆွဲပွဲမှာ ပိုမိုပြင်းထန်လာဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။