News

POST TAGGED AS

ARSENAL

30-Nov-2017 tagged as Soccer Premier League Arsenal Cazorla
အာဆင်နယ်ကွင်းလယ်ကစားသမား ကာဇိုလာသည် လက်ရှိတွင် ဒဏ်ရာကြောင့် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိသည့် ပွဲအရေအတွက် ၁၀၀ ပြည့်သွားခဲ့ပြီဖြစ်ပြီး အာဆင်နယ်ထံတွင် ဒဏ်ရာပြဿနာကြောင့် ကာဇိုလာထက်ပို၍ ပွဲအရေအတွက် ပိုမိုလွဲချော်ခဲ့ရသူများမှာ ဝီလ်ရှိုင်းယားနှင့် ဒီယာဘီတို့ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းကြားသိခဲ့ရသည့်အတွက် အာဆင်နယ်၏ကမ်းလှမ်းမှုကို စောင့်မျှော်ခဲ့ဖူးကြောင်း ဖွင့်ဟ၀န်ခံလိုက်ကာ အာဆင်နယ်ထံသို့ ၎င်းမပြောင်းရွှေ့ဖြစ်ခဲ့သည်မှာ နည်းပြအာစင်ဝင်းဂါးက ၎င်းအစား ဆာနိုဂိုကို ဦးစားပေးအဖြစ် ရွေးချယ်သွားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဂရစ်ဇ်မန်းက ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် လိုရီးယန့်အသင်းဥက္ကဋ္ဌ လိုအစ်ဖီရေးသည် အာဆင်နယ်နောက်ခံလူ ကော့စီရယ်လ်နီမှာ အာဆင်နယ်ကို စွန့်ခွာ၍ အသင်းပြောင်းရွှေ့ကစားလိုစိတ်ရှိနေပြီဖြစ်ကြောင်းကို ၎င်းနှင့်တွေ့ဆုံစဉ်တွင် ဖွင့်ဟပြောကြားသွားခဲ့သည်ဟု သတင်းမီဒီယာများကို အသိပေးလိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
28-Nov-2017 tagged as Soccer La Liga Barcelona Arsenal Raul Sanllehi
ဘာစီလိုနာအသင်းအတွက် ထိပ်သီးကစားသမားပေါင်းများစွာကို ခေါ်ယူစုစည်းပေးခဲ့သည့် အားကစားဒါရိုက်တာ ဆနယ်လီဟီသည် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်သွားခဲ့ပြီဖြစ်ပြီး ဆနယ်လီဟီမှာ အာဆင်နယ်အသင်းအားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် ဘာစီလိုနာကို စွန့်ခွာသွားခြင်းဖြစ်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဘန်လေကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အာဆင်နယ်အသင်း အနိုင်ဂိုးရရှိစေရန် ပင်နယ်တီ သတ်မှတ်ပေးခဲ့သော ဒိုင်လူကြီး လီမာဆန်၏ဆုံးဖြတ်ချက်မှာ မှန်ကန်မှုအပြည့်ရှိကြောင်း ထောက်ခံပြောဆိုသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကိုခေါ်ယူရန်အတွက် တစ်ကျော့ပြန်လည် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ အာဆင်နယ်က ပေါင်သန်း ၉၀ အောက်ပမာဏရှိ ပြောင်းရွှေ့ကြေးမျိုးဖြင့်သာ ကမ်းလှမ်းသွားလိမ့်မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
21-Nov-2017 tagged as Soccer Premier League Arsenal
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် ကစားသမားသစ်ရှာဖွေရေး ကင်းထောက်အကြီးအကဲအဖြစ် ဆဗင် မစ်ဆလင်တတ်ကို တာဝန်ပေး ခန့်အပ်လိုက်ပြီဖြစ်ပြီး မစ်ဆလင်တတ်ကို ဒေါ့မွန်ထံမှနေ၍ ၎င်းတို့က ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း အာဆင်နယ်က သတင်းထုတ်ပြန်ထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မနက်ဖြန်(စနေနေ့)တွင် အာဆင်နယ်နှင့် စပါးတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်ကို အောက်အသင်းအဖြစ် သတ်မှတ်ပြောကြားနေခြင်းများကို ၎င်းအနေနှင့် လက်မခံနိုင်ဟု အသိပေးလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကို ခေါ်ယူရန် ရည်ရွယ်ထားခြင်းကို လက်လျှော့လိုက်ပြီဖြစ်ပြီး သောမတ်စ်လီမာကို အာဆင်နယ် မခေါ်ယူတော့ဟု ဆုံးဖြတ်လိုက်သည်မှာ ယင်းကစားသမားအတွက် မိုနာကိုဘက်က သတ်မှတ်ထားသည့်တန်ကြေးမှာ လွန်စွာ မြင့်မားလွန်းနေခြင်းကြောင့်ဖြစ်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် အသင်းပြောင်းရန် လွန်စွာနီးစပ်နေပြီဖြစ်သည့် ကွင်းလယ်ကစားသမား အိုဇေးလ်၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် အသက် ၂၄ နှစ်အရွယ်ရှိ လိုင်ယွန်ကွင်းလယ်ကစားကွက်ဖန်တီးရှင် ဖာကီယာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ အသုံးပြုခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။