News

POST TAGGED AS

ARSENAL

အာဆင်နယ်အသင်း၏အဓိကကစားသမားများဖြစ်ကြသော တိုက်စစ်မှူး ဝဲလ်ဘက်ခ်၊ ကွင်းလယ်လူ ရမ်ဆေးနှင့် ဂိုးသမား ပီတာချက်တို့သည် နည်းပြသစ်ကို သိရှိပြီးမှသာလျှင် ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို အသိပေးထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
24-Apr-2018 tagged as Soccer Premier League Arsenal
အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် အာစင်ဝင်းဂါး၏နေရာတွင် အစားထိုးခန့်အပ်မည့် နည်းပြသစ်ကို လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်များ ခေါ်ယူစုစည်းရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ ၀န်းကျင်သာ ထုတ်ပေးလိမ့်မည်ဟု Daily Mail က ဖော်ပြထားသည်။
21-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏သဘောဆန္ဒအလျောက် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို ချမှတ်ခြင်း မဟုတ်ခဲ့ကြောင်း ဗြိတိန်သတင်းမီဒီယာများက သတင်းဖော်ပြနေပြီဖြစ်ပြီး အာစင်ဝင်းဂါးကို လက်ကျန်စာချုပ်သက်တမ်းအတွက် လျော်ကြေးပေးကာ အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့က ရာထူးထုတ်ပယ်ပစ်လိုက်ခြင်းဖြစ်ကြောင်း အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့က ရာထူးထုတ်ပယ်ပစ်လိုက်ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးတွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည့်အတွက် အဆုံးသတ်တွင် ရာထူးနုတ်ထွက်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သွားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
20-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနှင့်လမ်းခွဲတော့မည်ဟု တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး လက်ရှိတွင် အာစင်ဝင်းဂါးနေရာ၌ အစားထိုးရန် နည်းပြသစ်တစ်ဦးကို အာဆင်နယ်အင်းတာဝန်ရှိသူများက စတင်ရှာဖွေနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
18-Apr-2018 tagged as Soccer Arsenal PSG Atletico Madrid ICC Cup
အာဆင်နယ်အသင်းသည် လာမည့်ဇူလိုင်လတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ချန်ပီယံဖလားပြိုင်ပွဲကို ပါဝင်ကစားရန် သဘောတူညီလိုက်ပြီဖြစ်ပြီး အာဆင်နယ်မှာ အသင်းသုံးသင်းပတ်လည်ယှဉ်ပြိုင်ရမည့် စင်ကာပူဇုန်တွင် ကစားသွားရလိမ့်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားပြီဟု Daily Mail က ဖော်ပြထားသည်။
17-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်သည် လက်ရှိဘောလုံးရာသီတွင် အမှတ်ပေးဇယား၌ အဆင့်ခုနစ်နေရာတွင်ရပ်တည်ကာ ရာသီသိမ်းခဲ့မည်ဆိုပါက ဇူလိုင်လ ၂၆ ရက်နေ့တွင်စတင်၍ ပြိုင်ပွဲကစားရတော့မည်ဖြစ်ပြီး ယင်းအတွက် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်ကို ပွဲအရေအတွက် လျှော့ချရသည့်အခြေအနေမျိုး အာဆင်နယ်ထံတွင် ရှိလာနိုင်ကြောင်း The Sun က ဖော်ပြထားသည်။
11-Apr-2018 tagged as Soccer Premier League Arsenal Wilshere
အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်ကို စွန့်ခွာရန် သေချာနေပြီဖြစ်ပြီး ဝီလ်ရှိုင်းယားနှင့် အာဆင်နယ်အသင်းအကြားတွင် စာချုပ်သစ်ဆွေးနွေးညှိနှိုင်းမှုမှာ မည်သို့မျှ အဆင်မပြေနိုင်တော့ကြောင်း Daily Mail က ဖော်ပြထားသည်။
02-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က စတုတ်စီးတီးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းပိုင် အမ်းမရိတ်စ်ဘောလုံးကွင်းသို့ လာရောက်၍ ပွဲတက်ရောက်ကြည့်ရှုသော ပရိသတ်အရေအတွက် လျော့နည်းခဲ့သည်မှာ အီစတာပွဲတော်ကာလနှင့် တိုက်ဆိုင်နေ၍ဖြစ်သည်ဟု ဖြေရှင်းတုံ့ပြန်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်းအနေနှင့် အကျပ်အတည်းများ ရင်ဆိုင်ကြုံဆုံနေရချိန်တွင် အနားယူသွားခဲ့ပြီဖြစ်သော မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်ထံမှနေ၍ အားပေးထောက်ခံမှုများ အဆက်မပြတ် ရရှိခဲ့ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး ၎င်းအနေနှင့် နည်းပြဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ဖာဂူဆန်နှင့် စကားစစ်ထိုးမှုများ၊ အချေအတင်ဖြစ်မှုများ မကြာခဏရှိခဲ့သော်လည်း လက်ရှိတွင်မူ ၎င်းနှင့်ဖာဂူဆန်တို့၏ဆက်ဆံရေးမှာ လွန်စွာရင်းနှီးသောမိတ်ဆွေများအဖြစ် ရှိနေပြီဟုလည်း အာစင်ဝင်းဂါးက ပြောကြားသွားခဲ့သေးကြောင်း Sportmail က ဖော်ပြထားသည်။