News

POST TAGGED AS

ANTONIO CONTE

ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းတာဝန်ရှိသူများကို ၎င်းအား ရာထူးထုတ်ပယ်ပါက ကြီးစွာသော အမှားကျူးလွန်မှုကြီးဖြစ်သွားလိမ့်မည်ဟု ပြင်းပြင်းထန်ထန် သတိပေးစကားပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် လက်ရှိဘောလုံးရာသီတွင် အသင်းရုန်းကန်နေရခြင်းမှာ အဓိကဒိုင်ခံဂိုးသွင်းပေးနိုင်သူ ကစားသမားမရှိခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အီတလီလက်ရွေးစင်အသင်း ကွင်းလယ်ကစားသမားဟောင်း ပီယာလိုသည် အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် အန်စလော့တီနှင့် ကွန်တီတို့အနက်မှနေ၍ တစ်ဦးဖြစ်လာခဲ့မည်ဆိုပါက လက်ထောက်နည်းပြရာထူးကို ရယူ၍ အသင်းအတွက် တာဝန်ထမ်းဆောင်ပေးရန် နီးစပ်နေကြောင်း အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုသွားခဲ့သည်ဟု Football Italia က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ကစားသမားအချို့နှင့် စကားအချေအတင်ဖြစ်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး ကွန်တီ၏ ၃-၄-၃ နည်းစနစ်ကို ချယ်လ်ဆီးကစားသမားအချို့က လက်ရှိအသင်းအစုအဖွဲ့နှင့် အဆင်မပြေနိုင်ဟု ထောက်ပြမှုများလည်း ရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်းအနေနှင့် လာမည့်ဘောလုံးရာသီအတွက် မည်သည့်အစီအစဉ်ကိုမျှ ရေးဆွဲထားခြင်းမရှိဟု ဖွင့်ဟပြောကြားလိုက်ခြင်းကြောင့် ချယ်လ်ဆီးနည်းပြအဖြစ် ကွန်တီ ဆက်ရှိရန်မှာ မသေချာမှုများဖြင့် ပြည့်နှက်သွားခဲ့ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် စပါးက ချယ်လ်ဆီးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အသင်းအနေနှင့် လာမည့်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်တစ်နေရာစာကို ရယူနိုင်ရန် မလွယ်ကူတော့ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီး လက်ရှိအခြေအနေများအရ ကွန်တီမှာ ဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနှင့်လမ်းခွဲရရန်လည်း ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
08-Mar-2018 tagged as Soccer PSG Ligue Antonio Conte
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများသူများသည် လာမည့်သီတင်းပတ်အတွင်း၌ ချယ်လ်ဆီးနည်းပြကွန်တီ၏အေးဂျင့်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေပြီဖြစ်ပြီး အကယ်၍ လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ချယ်လ်ဆီးအသင်းကို ကွန်တီ ကျောခိုင်းစွန့်ခွာဖြစ်ခဲ့ပါက ၎င်းတို့ထံသို့လာရောက်၍ တာဝန်ထမ်းဆောင်ရန် ကွန်တီ၏အေးဂျင့်နှင့် ၎င်းတို့အကြား၌ အကြိုသဘောတူညီမှုတစ်ရပ်ကို ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက ဆောင်ရွက်ထားလိုလျက်ရှိကြောင်း The Mirror က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်းအနေနှင့် အသင်းအတွက် ရည်မှန်းချက်များစွာကို ထားရှိခဲ့သော်လည်း အသင်းဒါရိုက်တာဘုတ်အဖွဲ့ဘက်က ငွေကြေးအလုံအလောက် ထောက်ပံ့ပေးမှု မရှိခဲ့သည့်အတွက် ဘာတစ်ခုမျှ ဖြစ်လာနိုင်တော့မည်မဟုတ်ဟု ဖွင့်ဟပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် မန်ယူက ချယ်လ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်း၏တိုက်စစ်မှူး မိုရာတာ သွင်းယူခဲ့သည့် ချေပဂိုးမှာ လူကျွံဘော မဟုတ်ဘဲ ဂိုးအဖြစ် သတ်မှတ်ပေးရမည့် သွင်းဂိုးတစ်ဂိုးသာဖြစ်သည်ဟု ဝေဖန်သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ချယ်လ်ဆီးက ၀က်စ်ဘရွန်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် အသင်းအတွက် အဆုံးသတ်ချိန်တိုင်သည်အထိ တိုက်ပွဲဝင်ကြိုးပမ်းပေးသွားမည်ဟု ကတိပေးစကားပြောကြားလိုက်ပြီး ချယ်လ်ဆီးအသင်းအားပေးသူများကလည်း ကွန်တီကို အားပေးထောက်ခံမှုများ အပြည့်အ၀ ရှိနေဆဲဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။