News

POST TAGGED AS

ALLI

ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်သည် နည်းပြဘ၀က အနားယူသွားခဲ့ပြီဖြစ်သည့် မန်ယူနည်းပြကြီး ဖာဂူဆန်က စပါးကွင်းလယ်ကစားသမား အယ်လ်လီမှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဥရောပ၏အထွန်းတောက်ဆုံးကစားသမားများအနက်တွင် တစ်ဦးအပါအ၀င် ဖြစ်လာမည့်သူဟု ၎င်းကို ပြောကြားခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
စပါးအသင်းကွင်းလယ်ကစားသမား အယ်လ်လီသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘောလုံးယှဉ်လုသည့်ဖြစ်စဉ်တစ်ခု၌ မန်ယူတောင်ပံကစားသမား အက်ရှ်လေယန်းနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ယင်းသို့ ထိပ်တိုက်တွေ့ခဲ့ရာတွင် ၎င်းတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး မခံမရပ် ဖြစ်လောက်ဖွယ်ရာ စကားရပ်များဖြင့် အပြန်အလှန် ထိုးနှက်တိုက်ခိုက်သွားခဲ့ကြကြောင်း The Sun က ဖော်ပြထားသည်။