News

POST TAGGED AS

ALEXIS SANCHEZ

မန်ယူနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် အာဆင်နယ်မှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ဆန်းချက်ဇ်မှာ ဆန်းချက်ဇ်အစစ်မဟုတ်ဘဲ ဆန်းချက်ဇ်၏အရိပ်ဖြစ်နေသည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်သည် ၎င်းအနေနှင့် ဘာစီလိုနာထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ချယ်လ်ဆီးကို အရေးနိမ့်ခဲ့ရသည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး၌ အသင်းအ၀တ်လဲခန်းထဲတွင် တိုက်စစ်မှူး မက်ဆီ ၀မ်းနည်းပက်လက် ငိုကြွေးနေသည်ကို မြင်ခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် တိုက်စစ်မှူး ဆန်းချက်ဇ်ကို အသင်းထံသို့ အရခေါ်ယူခဲ့သည်မှာ ကစားသမားဖြစ်သူ၏စွမ်းဆောင်ရည်ထက် စိတ်ဓာတ်ပိုင်းဆိုင်ရာခံယူချက်ကို သဘောကျ၍ဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်သည် ၎င်းအနေနှင့် ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်အသင်းတစ်သင်းထံသို့ ပြောင်းရွှေ့ရောက်လာခဲ့ခြင်းဖြစ်သည်ဟူသောစကားကို ရိုးသားစိတ်အရင်းခံဖြင့် စိတ်လုံစွာပြောကြားနေခြင်းဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းအနေနှင့် ဆန်းချက်ဇ်ကို ခေါ်ယူရရှိလိုက်သည့်အတွက် လတ်တလောတွင် တိုက်စစ်ကို အင်အားဖြည့်တင်းရန် မလိုအပ်တော့ဟု ဖွင့်ဟအသိပေးလိုက်ပြီး ယင်းအတွက် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မန်ယူအတွက် မော်ရင်ညိုက ကွင်းလယ်နှင့် ခံစစ်အင်အားဖြည့်တင်းရန် အဓိကထား ဆောင်ရွက်လာဖွယ်ရှိနေကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် စပါးက မန်ယူကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်း၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွင် အားနည်းချက်များရှိခဲ့သည်မှာ မှန်သော်လည်း တိုက်စစ်မှူးသစ် ဆန်းချက်ဇ်ကမူ ၎င်းအလိုရှိသည့်အတိုင်း အကောင်းဆုံးကစားပေးသွားနိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခန်းသည် မန်ယူထံသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ရောက်ရှိလာခဲ့သည်ကို ၎င်းအနေနှင့် လွန်စွာ မယုံကြည်နိုင်အောင်ပင် ဖြစ်လျက်ရှိကြောင်း အသိပေးလိုက်ပြီး နည်းပြမော်ရင်ညို၏ဦးဆောင်မှုအောက်တွင် ဆန်းချက်ဇ်မှာ မန်ယူအတွက် အရေးပါသော ကစားသမားတစ်ဦးဖြစ်လာလိမ့်မည်ဟုလည်း ဘက်ခမ်းက ပြောကြားသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းတိုက်စစ်တောင်ပံကစားသမား ဆန်းချက်ဇ်ကို ပြိုင်ဘက်ပရိသတ်များက ပစ်မှတ်ထား၍ လှောင်ပြောင်မှုများရှိလာမည်ကို စိုးရိမ်ပူပန်နေပြီဖြစ်ကာ ဆန်းချက်ဇ် အကျိုးခံစားခွင့်ရရှိနေသော လုပ်ခလစာမှာ အခန့်မသင့်ပါက ဆန်းချက်ဇ်အတွက် တန်ပြန်ဖိအားတစ်ရပ်ဖြစ်သွားနိုင်သည်ဟု မော်ရင်ညိုက ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းတို့အနေနှင့် တိုက်စစ်မှူး ဆန်းချက်ဇ်ကို အဖိုးနှုန်းထားချိုသာစွာဖြင့် ခေါ်ယူရရှိလိုက်ခြင်းဖြစ်သည်ဟု ရှင်းပြသွားခဲ့ပြီး အာဆင်နယ်မှာ မတတ်သာတော့သည့် အခြေအနေတစ်ရပ်ကြောင့်သာလျှင် ဆန်းချက်ဇ်ကို ယခုကဲ့သို့ လက်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု မော်ရင်ညိုက မှတ်ချက်ပေးအပ်သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူတိုက်စစ်တောင်ပံကစားသမား မာရှယ်လ်သည် အသင်းထံသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ဆန်းချက်ဇ်၏ခြေစွမ်းကြောင့် နေရာပျောက်မည်ကို စိုးရိမ်နေရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။