News

POST TAGGED AS

ALDERWEIRELD

အယ်လ်ဒါဝိုင်ရဲလ်နှင့် ဒန်နီရို့စ်တို့အတွက် မန်ယူဘက်က ကမ်းလှမ်းခြင်း မရှိခဲ့ကြောင်း စပါး အသိပေး

လန်ဒန်၊ သြဂုတ် ၂၆

စပါးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် ၎င်းတို့အနေနှင့် ပိတ်သိမ်းပြီးစီးခဲ့သော ပရီးမီးယားလိဂ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အယ်လ်ဒါဝိုင်ရဲလ်နှင့် ဒန်နီရို့စ်တို့ကို ခေါ်ယူရန်အတွက် မန်ယူဘက်က ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ခြင်း မရှိဟု အသိပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

စပါးသည် မန်ယူထံသို့ ဆက်သွယ်၍ အယ်လ်ဒါဝိုင်ရဲလ်နှင့် ဒန်နီရို့စ်ကိုခေါ်ယူလိုပါက ၎င်းတို့နှင့် ဆက်သွယ်ဆွေးနွေးနိုင်သည်ဟု တံခါးဖွင့်ပေးခဲ့ပြီး မန်ယူဘက်က အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တိုင်သည်အထိ ကမ်းလှမ်းမှု မရှိခဲ့သည့်အတွက် ယင်းကစားသမားနှစ်ဦးမှာ မန်ယူထံသို့ မရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စပါးက မှတ်ချက်ပေးသွားခဲ့သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် အယ်လ်ဒါဝိုင်ရဲလ်နှင့် ဒန်နီရို့စ်တို့ကို အသင်းထံသို့ အလွန်အမင်း ခေါ်ယူလိုခဲ့သော်လည်း မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့က ယင်းကစားသမားများမှာ အသက် ၂၈ နှစ်နှင့်အထက် ကစားသမားများဖြစ်နေသည့်အတွက် ပြောင်းရွှေ့ကြေးစရိတ် အများအပြား အသုံးမပြုလိုဟု အကြောင်းပြကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ မဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

စပါးသည် လက်ရှိတွင် အခြားသောဥရောပလိဂ်များ၌ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကို ဖွင့်လှစ်ပေးထားဆဲဖြစ်၍ ယင်းလိဂ်များတွင် ပါဝင်ကစားနေသော ကလပ်အသင်းများအနေနှင့် အယ်လ်ဒါဝိုင်ရဲလ်နှင့် ဒန်နီရို့စ်တို့ကို ခေါ်ယူလိုပါက ကမ်းလှမ်းနိုင်ကြောင်း အသိပေးထားဆဲဖြစ်ကာ ပယ်လ်ဒါဝိုင်ရဲလ်အတွက် တန်ကြေးကို ပေါင် ၅၅ သန်း၊ ဒန်နီရို့စ်အတွက် တန်ကြေးကို ပေါင်သန်း ၅၀ စပါးက သတ်မှတ်တောင်းဆိုထားသည်။




FOLLOW US