News

POST TAGGED AS

ALDERWEIRELD

စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်သည် လီဗာပူးက စပါးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းလိုဂိုအမှတ်တံဆိပ် မတပ်ဆင်ထားသောဂျာစီအင်္ကျီကို ၀တ်ဆင်ကစားသွားခဲ့သည့်အတွက် ဝေဖန်မှုများကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် ၎င်းတို့အနေနှင့် ပိတ်သိမ်းပြီးစီးခဲ့သော ပရီးမီးယားလိဂ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အယ်လ်ဒါဝိုင်ရဲလ်နှင့် ဒန်နီရို့စ်တို့ကို ခေါ်ယူရန်အတွက် မန်ယူဘက်က ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ခြင်း မရှိဟု အသိပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းရန် နီးကပ်လာချိန်တွင် ဗဟိုခံစစ်ကို အင်အားဖြည့်ရန်အတွက် ၎င်းတို့ ပထမဦးစားပေးပစ်မှတ်အဖြစ် ရည်ရွယ်ထားသည့် လက်စတာနောက်ခံလူ မာဂွီရေးနှင့် စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်တို့အနက်မှနေ၍ အနိမ့်ဆုံးအဖြစ် တစ်ဦးကိုခေါ်ယူနိုင်ရန် လွန်စွာ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးအသင်းသည် နောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်ကို မန်ယူထံသို့ ရောင်းထုတ်ပေးရန် မူအရ သဘောတူညီလိုက်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် အယ်လ်ဒါဝိုင်ရဲလ်၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ကစားသမားသစ်တစ်ဦး ခေါ်ယူရရှိသည့်တိုင်အထိမူ မန်ယူအနေနှင့် စောင့်ဆိုင်းပေးရမည်ဟု စပါးက အကြောင်းပြန်ထားကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူအသင်းသည် စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်ကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ဖြင့် နောက်ဆုံးအကြိမ်အဖြစ် ကမ်းလှမ်းဆက်သွယ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းကို အားဖြည့်ရန်အတွက် စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်နှင့် ချယ်လ်ဆီးကွင်းလယ်လူ ဝီလျံတို့ကို ခေါ်ယူထားပြီဖြစ်ကြောင်း သတင်းပေါက်ကြားမှုဖြစ်ပွားခဲ့ကာ အသင်းဘက်က အတည်ပြုချက်ထုတ်ပြန်ရန်သာကျန်တော့ကြောင်း Full Time DEVILS လူမှုကွန်ရက်စာမျက်နှာက ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဗဟိုခံစစ်ကို အင်အားဖြည့်ရန်အတွက် လက်စတာနောက်ခံလူ မာဂွီရေး၊ စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်နှင့် အေစီမီလန်နောက်ခံလူ ဘိုနုချီတို့အနက်မှနေ၍ တစ်ဦးကို အရခေါ်ယူရန် ရည်မှန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ခြေစွမ်းပြကစားခဲ့သော နောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်သည် စပါးနည်းပြ ပိုချက်တီနိုက ၎င်းကို ခြေစွမ်းကောင်းမွန်ပါလျက်နှင့် နေရာမပေးခြင်းကြောင့် လွန်စွာ ဒေါသပေါက်ကွဲနေကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးအသင်းသည် နောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ် အပြောင်းအရွှေ့အတွက် မန်ယူနှင့်ဆွေးနွေးရာတွင် အပြောင်းအရွှေ့၏အစိတ်အပိုင်းတစ်ရပ်အဖြစ် မာတီရယ်လ်ကို အလိုက်ပေးရန် တောင်းဆိုလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသက် ၂၉ နှစ်အရွယ်ရှိ စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်ကို ခေါ်ယူရန် တရားဝင် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး စပါးအသင်းတာဝန်ရှိသူများကလည်း အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို အယ်လ်ဒါဝိုင်ရဲလ်က လက်မခံတော့သည့်အတွက် ၎င်းကို ရောင်းထုတ်လိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။