News

POST TAGGED AS

AGUERO

မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် နည်းပြဂွါဒီယိုလာလက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရသည့်အတွက် အသင်းပြောင်းရွှေ့ရန် စဉ်းစားမှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးအသင်းတိုက်စစ်မှူး အဂူရိုသည် မန်စီးတီးက နာပိုလီကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် မန်စီးတီးအသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားအဖြစ် စံချိန်တင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် တိုက်စစ်မှူး အဂူရိုကို အသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူကစားသမားအဖြစ် စံချိန်သစ်တင်ရှိနိုင်စေရန်အတွက် ဝုလ်ဗာဟမ်တန်နှင့်ယှဉ်ပြိုင်ရမည့် ခရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် ပွဲထွက်ကစားခွင့်တစ်ရပ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး လက်ရှိတွင် အဂူရိုမှာ မန်စီးတီးအသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိခဲ့သူ ကစားသမားအဖြစ် စံချိန်စိုက်ထူထားသော အီရစ်ဘရုခ်၏သွင်းဂိုးအရေအတွက်ကို လိုက်မီသွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။