News

POST TAGGED AS

ABRAMOVICH

19-Aug-2018

Soccer Premier League Chelsea Sarri
လက်ရှိဘောလုံးရာသီတွင် ချယ်လ်ဆီးမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိဦးမည်မဟုတ်ဟု ဆာရီ ပြောကြား

လန်ဒန်၊ သြဂုတ် ၁၉

ချယ်လ်ဆီးနည်းပြ ဆာရီသည် ၎င်း၏အသင်းအနေနှင့် လက်ရှိဘောလုံးရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိလိမ့်ဦးမည်မဟုတ်ဟု ဖွင့်ဟအသိပေးလိုက်ပြီး ချယ်လ်ဆီးမှာ ခံစစ်ကစားရာတွင် လိုအပ်ချက်များရှိနေသေးကြောင်း ဆာရီက မှတ်ချက်ပေးသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ အကဲဖြတ်သုံးသပ်သူများသည် ချယ်လ်ဆီးမှာ လက်ရှိဘောလုံးရာသီတွင် မန်စီးတီး၊ လီဗာပူးတို့နှင့်အပြိုင် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိလာလိမ့်မည်ဟု သုံးသပ်ထားပြီး ဆာရီကမူ ရာသီဖွင့်ကာလတွင် ပွဲစဉ်နှစ်ပွဲဆက် အနိုင်ရလိုက်ရုံမျှဖြင့် အသင်းတစ်သင်းကို အကဲဖြတ်မှတ်ချက်ပေးရန်မှာ အချိန်လွန်စွာ စောလွန်းနေသေးသည်ဟု ပြောကြားသွားခဲ့သည်။

ဆာရီသည် အာဆင်နယ်နှင့်ပွဲစဉ်တွင် ပြိုင်ဘက်အသင်းကို ဂိုးနှစ်ဂိုးပေးလိုက်ရသည့် ချယ်လ်ဆီး၏ခံစစ်စွမ်းဆောင်ရည်မှာ လိုအပ်ချက်များရှိနေသေးသည်ကို ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်ဟု အသိပေးသွားခဲ့ပြီး ယင်းလိုအပ်ချက်မှာ ခံစစ်ကစားသမားများ၏ညံ့ဖျင်းမှုများကြောင့် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ တွဲဖက်ကစားရာတွင် အချိတ်အဆက် မမိမှုများရှိနေခြင်းကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းလည်း ဆာရီက ရှင်းပြသွားခဲ့သေးသည်။

ဆာရီသည် ချယ်လ်ဆီးက အာဆင်နယ်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရလိုက်သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်စစ်မှူး မိုရာတာ ဂိုးသွင်းယူလိုက်နိုင်ခြင်းကိုလည်း လွန်စွာ ကျေနပ်အားရဖြစ်နေပြီး အသင်းတစ်သွင်းအတွက် အဓိကတိုက်စစ်မှူးအဖြစ် တာဝန်ယူရသည့်ကစားသမားဟူသည်မှာ ဂိုးများသွင်းယူနိုင်မှသာလျှင် ယုံကြည်ချက်များလည်း မြင့်တက်နေလိမ့်မည်ဟု ဆာရီက ပြောကြားသွားခဲ့သည်။




FOLLOW US