News

POST TAGGED AS

AC MILAN

13-Aug-2018 tagged as Soccer Chelsea Serie A AC Milan Bakayoko
အေစီမီလန်အသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဘာကာယိုကိုကို အပြီးသတ်ဝယ်ယူခွင့်ပါရှိသော တစ်နှစ်သက်တမ်း အငှားစာချုပ်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုးခေါ်ယူလိုက်ပြီဖြစ်ပြီး ဘာကာယိုကို၏ခြေစွမ်းကို နှစ်ခြိုက်သဘောကျ၍ ၎င်းကို အပြီးသတ်ခေါ်ယူမည်ဆိုပါက အေစီမီလန်မှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ ဒသမ ၅ သန်းကုန်ကျလိမ့်မည်ဖြစ်ကြောင်း Tutto Sports က ဖော်ပြထားသည်။
04-Aug-2018 tagged as Soccer Serie A AC Milan Higuain
အေစီမီလန်တိုက်စစ်မှူးသစ် ဟီဂူအင်သည် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးကို ငြင်းပယ်၍ အေစီမီလန်ကို ရွေးချယ်လိုက်သည့်အကြောင်းရင်းကို ရှင်းလင်းပြောကြားလိုက်ပြီး ချယ်လ်ဆီးထံတွင် ၎င်းကို အမှန်တကယ် အလိုရှိသူဟူ၍ နည်းပြဆာရီ တစ်ဦးတည်းသာရှိသည်ဟု ဟီဂူအင်က မှတ်ချက်ပေးသွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။
03-Aug-2018 tagged as Soccer Serie A Juventus AC Milan Bonucci Higuain
ဂျူဗင်တပ်နှင့် အေစီမီလန်တို့သည် နောက်ခံလူ ဘိုနုချီနှင့် တိုက်စစ်မှူး ဟီဂူအင်တို့၏အပြောင်းအရွှေ့များကို တရားဝင်အပြီးသတ်လိုက်နိုင်ပြီဖြစ်ပြီး ဂျူဗင်တပ်မှာ ဘိုနုချီကို အေစီမီလန်ထံသို့ ရောင်းထုတ်ခဲ့စဉ်က ပြောင်းရွှေ့ကြေးအတိုင်းပင် ပေါင် ၃၅ သန်းဖြင့် ၀ယ်ယူလိုက်နိုင်ခြင်းဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
02-Aug-2018 tagged as Soccer Serie A Juventus AC Milan Bonucci Higuain
ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်သည် အေစီမီလန်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူရန် အသင်းအခြေစိုက်ရာ မီလန်မြို့သို့ ရောက်ရှိလာခဲ့သော ဟီဂူအင်ကို အေစီမီလန်ပရိသတ်ထောင်ပေါင်းများစွာက သောင်းသောင်းဖြဖြ ကြိုဆိုသွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။
31-Jul-2018 tagged as Soccer Serie A Juventus AC Milan Bonucci
ဂျူဗင်တပ်သည် ဟီဂူအင်ကို ချယ်လ်ဆီးထံသို့ လက်လွှတ်မပေးဘဲ အေစီမီလန်ထံသို့ အငှားချရန် ဆုံးဖြတ်လိုက်သည်မှာ ၎င်းတို့၏နောက်ခံကစားသမားဟောင်း ဘိုနုချီကို ပြန်လည်ခေါ်ယူနိုင်ရန် အခွင့်အရေးရရှိလာခဲ့၍ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြသစ် ဆာရီ အလွန်အမင်း ခေါ်ယူလိုလျက်ရှိသော ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်သည် အေစီမီလန်ထံသို့ တစ်နှစ်သက်တမ်းရှိ အငှားစာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့တော့မည်ဖြစ်ပြီး အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းအကြားတွင် အပြီးသတ်သဘောတူညီမှုရသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
30-Jul-2018 tagged as Soccer Conte Serie A AC Milan
အေစီမီလန်အသင်းသည် ချယ်လ်ဆီးနည်းပြရာထူးက ထုတ်ပယ်ခြင်းခံလိုက်ရသော ကွန်တီကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် တရားဝင်ကမ်းလှမ်းမှုတစ်ရပ် စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Jul-2018 tagged as Soccer Serie A AC Milan
အေစီမီလန်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် အသင်းကို အပြောင်းအလဲအချို့ဆောင်ရွက်ရန် စတင်ပြင်ဆင်နေပြီဖြစ်ပြီး ၎င်းတို့ရေးဆွဲလိုက်သည့် အစီအမံသစ်တွင် ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီနှင့် အာဆင်နယ်အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်တို့ကိုခေါ်ယူရေးမှာ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ပါဝင်နေကြောင်း Football Italia က ဖော်ပြထားသည်။
24-Jul-2018 tagged as Soccer Serie A AC Milan Reina
ချယ်လ်ဆီးအသင်းသည် အေစီမီလန်ဂိုးသမား ရေနာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်ကိုးသန်းဖြင့် ၀ယ်ယူနိုင်ရန် နီးစပ်သွားခဲ့ပြီဖြစ်ပြီး ရေနာမှာ လွန်ခဲ့သည့် နှစ်ရက်ခန့်ကမှ နာပိုလီမှနေ၍ အေစီမီလန်ထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အေစီမီလန်အသင်းတာဝန်ရှိသူများသည် အသင်းပွဲထွက်ဂိုးသမား ဒွန်နာရမ်းမားကို ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာနှင့် အလဲအထပ်လုပ်လိုက်ရန် ကြံစည်နေပြီဖြစ်ပြီး ဒွန်နာရမ်းမား၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့် အေစီမီလန်ဒါရိုက်တာဘုတ်အဖွဲ့အကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေသည့်အချက်ကလည်း အေစီမီလန်ကို ဒွန်နာရမ်းမား စွန့်ခွာဖြစ်စေရန်အတွက် တွန်းအားတစ်ရပ်ဖြစ်လျက်ရှိကြောင်း Football Italia က ဖော်ပြထားသည်။