News

POST TAGGED AS

2018 AFC WOMEN'S ASIAN CUP

21-Apr-2018 tagged as Soccer Japan 2018 AFC Women's Asian Cup
ဂျပန်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဂျော်ဒန်နိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် အမျိုးသမီးအာရှဖလား ဘောလုံးပြိုင်ပွဲ၏နောက်ဆုံးဗိုလ်လုပွဲတွင် သြစတြေးလျအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်၍ နှစ်ကြိမ်ဆက် ချန်ပီယံအသင်းအဖြစ် အောင်ပွဲခံသွားခဲ့ကြောင်း Reuters က ဖော်ပြထားသည်။
ဂျော်ဒန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေသည့် ထိုင်းလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် မနက်ဖြန်(ဧပြီလ ၁၂ ရက်နေ့)တွင် ဖိလစ်ပိုင်နှင့်ကစားရမည့်ပွဲစဉ်၌ သရေရလဒ်ကို ရယူနိုင်ရုံမျှဖြင့် ၂၀၁၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ကျင်းပမည့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။