News

POST TAGGED AS

ရုရှား

ရုရှားစီမံပေးသော အချိန်ပိုင်းဖြင့် အပစ်အခတ်ရပ်စဲရေးအစီအစဉ် စတင်သည့်နေ့တွင်ပင် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ဆီးရီးယားပဋိပက္ခတွင် ရုရှားသည် အလွန့်အလွန် မတည်မငြိမ်ဖြစ်စေသည့် အခန်းကဏ္ဍမှ ဝင်ကစားနေသည်ဟု အမေရိကန် ကြည်းတပ်ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဖ်ဗိုတဲလ်က အမေရိကန် လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်ဟု DWသတင်းဌာနက ဖော်ပြသည်။
ဆီးရီးယားနိုင်ငံတွင်း သူပုန်များထိန်းချုပ်ထားသော အရှေ့ဂိုတာဒေသကို ဆီးရီးယားအစိုးရတပ်များ၏ တိုက်ခိုက်မှုအား နေ့စဉ်ငါးနာရီကြာ ရပ်ဆိုင်းထားပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
လိင်ပိုင်းဆိုင်ရာ သင်တန်းပေးသည့် ရုရှား ၁၀ ဦးကို ပင်လယ်ကမ်းခြေ ပတ္တရားမြို့တွင် ရဲတပ်ဖွဲ့က ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ယီမင်ပဋိပက္ခတွင် အီရန်ဒုံးကျည်များ အသုံးပြုနေမှုကိုတားဆီးရန် ပျက်ကွက်မှုကြောင့် အီရန်နိုင်ငံကို ဖိအားပေးမည့် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံမြောက်ပိုင်း ကော့ကေးဆပ်ဒေသ ဒေဂျီစတန်ရှိ ဘုရားကျောင်းတစ်ခုကို အစ္စလာမ္မစ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုတွင် အမျိုးသမီးငါးဦး သေဆုံးခဲ့ပြီး IS အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုထားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဒက်ဂီစတန် ပြည်နယ်ရှိ ရုရှားဘုရားရှိခိုးကျောင်းတစ်ခုတွင် အကြမ်းဖက်သမား တစ်ဦးက အလ္လာဟူအက်ဘားဟု အော်ဟစ်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လာရောက်ဝတ်ပြုသူ အမျိုးသမီးငါးဦး သေဆုံးခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။
၂၀၁၆ အမေရိကန် သမ္မတရွေးပွဲတွင် ကြားဝင်စွတ်ဖက်မှုဖြင့် ရုရှား ၁၃ ဦးကို စွဲချက်တင်လိုက်ပြီဖြစ်ရာ FBI ၏ စုံစမ်းစစ်ဆေးမှုတွင် အဓိကကျသော တိုးတက်မှုတစ်ခုဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်အပတ်က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရုရှားကြေးစားစစ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ၎င်းတို့၏ ရဲဘော်ရဲဘက်များက BBC သို့ ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ မော်စကိုအနီးရှိ ဆာရာတော့ဗ်လေကြောင်းလိုင်းမှ ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သည့်နေရာကို စုံစမ်းစစ်ဆေးရေးမှူးများက ရှာဖွေမှုများ ပြုလုပ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက ကလေးများအပါအဝင် လူအမြောက်အမြား ထိခိုက်စေခဲ့သော ဆီးရီးယားနိုင်ငံအတွင်း ကလိုရင်းဓာတ်ငွေ့သုံး တိုက်ခိုက်မှုသတင်းနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမေရိကန်က တင်သွင်းရာ၌ ရုရှားနှင့်အခြေအတင်ဖြစ်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။