News

POST TAGGED AS

ရုရှား

ဗြိတိန်တွင် ခိုလှုံနေသော ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်း ဆာဂေးစကရီပဲလ်နှင့် သမီးဖြစ်သူကိုလုပ်ကြံရန် အသုံးပြုခဲ့သော အာရုံကြောအတွင်း ထိုးဖောက်ဝင်ရောက်နိုင်သည့် ဓာတုအဆိပ်၏ ဇာစ်မြစ်မှာ မည်သည့်နိုင်ငံမှ ဆိုသည်ကို မဆုံးဖြတ်နိုင်ကြောင်း ပေါ်တွန်ဒေါင်းကာကွယ်ရေး ဓာတ်ခွဲခန်းက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အလွဲသုံးမှုများကို နှိမ်နင်းမှု တိုးချဲ့လာခြင်းအဖြစ် ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အတုအယောင် အခွင့်အရေး လှုပ်ရှားသူများ၏ အကောင့်များ၊ နိုင်ငံရေးပို့စ်များ ဖန်တီးထုတ်လုပ်ရာ ရုရှားလှုံ့ဆော်တိုက်ခိုက်ရေးအုပ်စုနှင့် ဆက်စပ်နေသည့် ရုရှားအကောင့်များ၊ စာမျက်နှာများရာနှင့်ချီ ဖယ်ရှားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ ကီမီရိုဗိုမြို့တွင် ဈေးဝယ်နှင့် အပန်းဖြေစင်တာ မီးလောင်မှု၌ ကလေးသူငယ် ၄၁ ဦးအပါအဝင် လူ ၆၈ ဦးထက်မနည်း သေဆုံးခဲ့မှုအတွက် တာဝန်ရှိသူများအပေါ် ဒေါသထွက်နေသော လူရာနှင့်ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
တာလီဘန်များကို ရုရှားက ထောက်ပံ့ပေးနေပြီး လက်နက်များပါ ပံ့ပိုးနေသည်ဟု အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်များ၏တပ်မှူး ဗိုလ်ချုပ်ကြီး ဂျွန်နီကိုလ်ဆင်က BBC သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ဗြိတိန်မြေပေါ်တွင် ရုရှားသူလျှိုဟောင်းတစ်ဦးကို အာရုံကြောအဆိပ်ဖြင့် လုပ်ကြံမှုပြဿနာနှင့် ပတ်သက်၍ ရုရှားသံတမန် ၂၃ ဦးကို ဗြိတိန်က နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေနှင့် ဗြိတိသျှသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း နှင်ထုတ်မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံ ဆိုချီမြို့၌ ၂၀၁၄ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲဖွင့်ပွဲ အခမ်းအနားကို ပစ်မှတ်ထားသော ဗုံးပါလာသည်ဆိုသော ခရီးသည်တင် လေယာဉ်တစ်စင်းကို ပစ်ချရန် မိမိအမိန့်ပေးခဲ့ဖူးကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုမှ ထုတ်ပြောခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးပွဲတွင် ကြားဝင်စွက်ဖက်သူသည် ယူကရိန်းများ၊ တာတာများနှင့် ဂျူးများဖြစ်နိုင်ခြေရှိပြီး ကရင်မလင်မဟုတ်ဟု ရုရှားသမ္မတ ပူတင်က အမေရိကန်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောဆိုလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ရုရှားနှစ်ဖက်ချွန် သူလျှိုနှင့် ၎င်း၏သမီးတို့ အဆိပ်ခတ်ခံရသည့် မြို့သို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ပြီး ညစ်ညမ်းစေနိုင်သည့် ပစ္စည်းများကို ဖယ်ရှားရန် ဗြိတိန်နိုင်ငံ လုပ်ဆောင်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်တွင် ခိုလှုံနေသော ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်းနှင့် အတူအဆိပ်ခတ်ခံခဲ့ရသော သမီးဖြစ်သူမှာ ပစ်မှတ်ထား သတ်ဖြတ်ရလောက်အောင် မည်သည့်အရာမှ လုပ်ခဲ့သူမဟုတ်ကြောင်း မိတ်ဆွေတစ်ဦးက BBC သတင်းဌာနသို့ ပြောကြားသည်။
ရုရှားခေတ်သစ်သမိုင်းကို ပြောင်းလဲနိုင်သည့် အခွင့်အရေးသာရပါက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းကို ပြောင်းပြန်လှန်ချင်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။