News

POST TAGGED AS

ရုရှား

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၆၀၀ ကို နေရာရွှေ့ပြောင်း

ကွာလာလန်ပူ၊ ဒီဇင်ဘာ ၁၇

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မှောင်ခိုသွင်းရေးတွင် ပါဝင်သည်ဟု သံသယရှိခြင်းကြောင့် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၆၀၀ ကို နေရာ ရွှေ့ပြောင်းလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

လေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာနရှိ ဝန်ထမ်း ၁၅၀၀ အနက် ၄၀ ရာခိုင်နှုန်းကို နေရာရွှေ့ပြောင်းလိုက်ပြီး အခြားနေရာမှ ဝန်ထမ်းများနှင့် အစားထိုးမည်ဖြစ်ကြောင်း မလေးရှား ဒုတိယဝန်ကြီးချုပ် ဇာဟစ်ဟမီဒစ်က ပြောကြားသွားသည်။

သို့သော်လည်း ယင်းပမာဏသည် ဘင်္ဂလားဒေ့ရှ်မှလာသည့် တရားမဝင် နေထိုင်သူများကို မှောင်ခိုသွင်းနေသည့် အုပ်စုကြီးများအနက်မှ ပမာဏအနည်းငယ်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသွားသည်။

“ဝန်ထမ်းတချို့ရဲ့ အပြုအမူကြောင့် လူဝင်မှုကြီးကြပ်ရေးဌာန ပုံရိပ်ပျက်နေတာကို အဖတ်ဆယ်ဖို့ လုပ်ဆောင်လိုက်တဲ့အချက်ပါ” ဟု နိုင်ငံခြားအလုပ်သမားများနှင့် တရားမဝင် ဝင်ရောက်သူများ အရေးဆိုင်ရာ အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် ဒုတိယဝန်ကြီးချုပ်က မှတ်ချက်ပြုသွားသည်။

လက်ရှိဖြစ်စဉ်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းနှစ်ဦးအပါအဝင် ငါးဦးကို ထိန်းသိမ်းထားသည်။

ထိန်းသိမ်းခံထားရသူများထဲတွင် နိုင်ငံခြားသားနှစ်ဦးနှင့် မလေးရှားအမျိုး သမီးတစ်ဦးတို့လည်း ပါဝင်သည်။

မလေးရှားနိုင်ငံတွင်းသို့ နိုင်ငံခြားသားများ မှောင်ခိုသွင်းသည်ဟု သံသယဝင်သဖြင့် လူဝင်မှုကြီးကြပ်ရေးအရာရှိ နှစ်ဦးအပါအဝင် လူပေါင်း ခုနစ်ဦးကို ထိန်းသိမ်းထားသည်။

F-05



FOLLOW US