News

POST TAGGED AS

ရုပ်ရှင်

ဗိုလ်ချုပ်အောင်ဆန်းကတော့ ဆူဇူကီးစကားကို သဘောမတူပါ။ ဆူဇူကီးရှိနေသရွေ့ ထိုအလုပ်မျိုး မလုပ်ဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် မြန်မာ့တပ်မတော်သည် ဆူဇူကီးပေးခဲ့သည့် နည်းနာအတိုင်းပင် (၁၉၄၅ ခုနှစ်၌) ဂျပန်ကို ပြန်လည်တော်လှန်ခဲ့သည်။
အချစ်ဂျီဟတ်ဆိုသည့် စကားလုံးသည် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က ပိုပြီးခေတ်စားလာသည့် စကားလုံးဖြစ်လာသည်။ ဟိန္ဒူအခွင့်အရေး လှုပ်ရှားသူများက မွတ်ဆလင်တို့သည် သူတို့အပေါ်တွင် ဘာသာရေးအရ အချစ်ရေးတွင် ဝင်ရောက်စွက်ဖက် တိုက်ခိုက်လာနေပြီဟုဆိုလိုကာ ဆန့်ကျင်လှုပ်ရှား လာကြခြင်းဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးထံ ဆိုရှယ်ကွန်ရက်ဖြစ်သည့် Twitter ကတစ်ဆင့် တိုင်ကြားသည့် တိုင်ကြားစာက နာမည်ကျော်ပြီး ကမ္ဘာက စိတ်ဝင်စားလာရသော ပြဿနာ ဖြစ်လာရသည်။
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်၊ ပြသရေးအတွက် လက်ရှိအချိန်ထိ စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း ၁၂,၄၉၇ သိန်းရရှိထားပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၈၀ ကျော်ကရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်ဇာတ်ကား ပထမဆုံးယူနက်စကို စာရင်းဝင်(ဒေသအဆင့်)အဖြစ် သတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံမှ ယူနက်စကိုအမျိုးသား ကော်မရှင်အတွင်းရေးမှူးချုပ်အဖြစ် တက်ရောက်ခဲ့သော ရန်ကုန်နိုင်ငံခြား ဘာသာသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောကြားသည်။
ဒုတိယအကြိမ်ရိုက်ကူးရန် ကြိုးစားနေသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ဇူလိုင်လအတွင်း အပြီးသတ်ရေးဆွဲမည်ဖြစ်ပြီး ယခင်လျာထားချက်အတိုင်း ၂၀၁၉ခုနှစ်အတွင်း အပြီးရိုက်ကူးကာ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ပြသနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသမည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြည်သူများထံမှ လှူဒါန်းငွေ ကျပ်သိန်း တစ်သောင်းကျော်ရရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဝင် တစ်ဦးက ပြောကြားသည်။
အမေရိကန်ရုပ်ရှင်ဆိုင်ရာ အနုပညာဆု၊ အတတ်ပညာဆုများတွင် အမြင့်ဆုံးလို့ တစ်ကမ္ဘာလုံးက ယူဆစိတ်ဝင်စားခြင်းခံရသည့် အော်စကာဆုပေးပွဲကို ယမန်နေ့က ကျင်းပခဲ့ရာမှာ The Shape of Water ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု ဆွတ်ခူးသွားခဲ့သည်။