News

POST TAGGED AS

ရုပ်ရှင်သရုပ်ဆောင်

သရုပ်ဆောင်စိုးသူအား နိုင်ငံပိုင်သတင်းစာတွင် အကြွေးတောင်းသည့် ကြော်ငြာထည့်သွင်းခဲ့သော ဦးကျော်ကျော်ထွန်းကို အသရေဖျက်မှုဖြင့် အရေးယူပေးရန် သရုပ်ဆောင် စိုးမြတ်နန္ဒာက မရမ်းကုန်းမြို့နယ် တရားရုံး၌ ဩဂုတ်လ ၂၄ ရက်က ဦးတိုက်လျှောက်ထားလိုက်သည်။
သရုပ်ဆောင်စိုးသူထံမှ ငွေကြေးရရန် ရှိသူဆိုသူက သတင်းစာတွင် ကြေညာချက်ထည့်ရာတွင် ၎င်း၏ အမည်ကိုပါတပ်ကာ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ငွေတောင်းခံလာသည်ဆိုကာ Striking Thunder Entertainment ပိုင်ရှင်ကို ဂုဏ်သိက္ခာကျဆင်းစေမှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း သရုပ်ဆောင် စိုးမြတ်နန္ဒာက ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကြေညာခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးအား မုဒိမ်းမှုဖြင့် တရားလိုပြု အမှုဖွင့်တိုင်ကြားထားသော အသက် ၄၀ နှစ်အမျိုးသမီးတစ်ဦးကို မနက်ဖြန် (ဇူလိုင်လ ၁၆ ရက်)တွင် ဆေးစစ်ချက်ယူမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှူး ရဲအုပ်သန်းနိုင်က ပြောသည်။