News

POST TAGGED AS

ရုပ်တု

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အငြိမ်းစားလည်းဖြစ်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည့် ဒေါက်တာမျိုးမြင့်၏ ပုံတူကြေးရုပ်တုကို သမိုင်းဝင်ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်တွင် ဇူလိုင်လ ၂၂ ရက်က စတင်စိုက်ထူဖွင့်လှစ်ထားရှိသည်။
စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာအကယ်ဒမီအတွင်းရှိ သီတဂူဆရာတော်မော်ကွန်းတိုက်တွင် ဆရာတော်၏ ပုံတူကြေးသွန်းရုပ်တု သွန်းလုပ်ထားရှိမည်ဖြစ်ကြောင်း မြန်မာမှုပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောကြားသည်။
ပထမအင်းဝမြို့တည် သတိုးမင်းဖျား ကြေးရုပ်တု သွန်းလုပ်ခြင်းလုပ်ငန်း မေလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း တာဝန်ယူ လုပ်ကိုင်နေသည့် ပြည့်ဝမြန်မာ့လက်မှု ကြေးသွန်းအနုပညာလုပ်ငန်းထံမှ သိရသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရန်စီစဉ်မှုကို ချင်းတက္ကသိုလ်ကျောင်းသားများနှင့် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ချင်းတက္ကသိုလ် ကျောင်းသားများနှင့် ချင်းအရပ်ဘက်လူမှု အဖွဲ့အစည်းများထံမှ သိရသည်။
ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပန်းခြံတွင်ထားရှိသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို (၇၃) နှစ်မြောက် တပ်မတော်နေ့တွင် ဖွင့်လှစ်လိုက်သည်။
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘဝပုံစံ ရုပ်တုကို ရန်ကုန်မြို့ သာကေတမြို့နယ်တွင် စိုက်ထူခဲ့ပြီး တစ်နိုင်ငံလုံးတွင် တစ်ခုတည်းသာရှိကြောင်း ရုပ်တုဖြစ်မြောက်ရေးကော်မတီဝင် ကိုအောင်ငြိမ်းကျော်က ပြောကြားသည်။