News

POST TAGGED AS

ရိုးမဘဏ်

07-Sep-2017

ကော်ဖီ
ကော်ဖီကို ပို့ကုန်အမည်သစ်အဖြစ် ထည့်သွင်းမည်
ရန်ကုန်၊ စက်တင်ဘာ ၆

ပို့ကုန်ပမာဏ တိုးတက်လာစေရန်အတွက် အမျိုးသား ပို့ကုန်မဟာဗျူဟာ စီမံကိန်း (National Export Strategy) တွင် ကော်ဖီကို ပို့ကုန်အမည်သစ်အဖြစ် ထပ်မံ ထည့်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှသိရသည်။

လက်ရှိ အမျိုးသားပို့ကုန်စီမံကိန်းတွင် ပို့ကုန် တိုးမြှင့်နိုင်သည့် ဦးစားပေးကဏ္ဍများအဖြစ် စားသောက်ကုန် ထုတ်လုပ်သည့်ကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ သတင်းအချက်အလက်၊ နည်းပညာနှင့် လက်မှုအနုပညာ ပစ္စည်းကဏ္ဍတို့ကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်သည်။

“ကော်ဖီက တင်ပို့မှုပမာဏကတော့ နည်းတယ်။ ဒါပေမဲ့ ဈေးကွက်လည်း ရတယ်။ တန်ဖိုးလည်း များတဲ့အတွက် ထည့်တာဖြစ်ပါတယ်။ ကော်ဖီက အခု ပြည်တွင်းကလည်း ဝယ်လိုအားကောင်းတော့ ဈေးကွက်ကတော့ အလားအလာ ကောင်းပါတယ်”ဟု မြန်မာနိုင်ငံကော်ဖီအသင်း အတွင်းရေးမှူးဦးမင်းလှိုင်က ပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၆-၁၇ဘဏ္ဍာနှစ်က ပြည်ပသို့ ကော်ဖီတန်ချိန် ၁၀ဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ပြည်ပသို့ တင်ပို့ရာတွင် ကော်ဖီအစိမ်းကိုသာ တင်ပို့နိုင်ခြင်းဖြစ်ကာ ကော်ဖီအစိမ်း တစ်ကီလိုလျှင် အမေရိကန် ဒေါ်လာ လေးဒေါ်လာမှ ခုနစ်ဒေါ်လာအထိ ရရှိကြောင်း၊ ပြည်တွင်းထွက် ကော်ဖီကို အမေရိက၊ ဂျပန်၊ ကိုရီးယား၊ ဆွစ်ဇာလန်နှင့် ထိုင်ဝမ်တို့သို့ အများဆုံး တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။

J-11

  • VIA


FOLLOW US