News

POST TAGGED AS

ရိုက်တာ

ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး မုံရွာတွင် ဆုတောင်းပွဲလုပ်

မုံရွာ၊ စက်တင်ဘာ ၉

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးထောင်ချခံရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ပြန်လည် လွတ်မြောက်ရေးအတွက် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က မုံရွာမြို့၊ ရွှေစည်းခုံစေတီတွင် သတင်းသမားများ စုပေါင်း၍ ဆုတောင်းပွဲပြုလုပ်ခဲ့သည်။

“သတင်းထောက်က သတင်းထောက် အလုပ်ပဲလုပ်တာပဲ။ သတင်းထောက်က သူတတ်တဲ့ပညာနဲ့ ပြည်သူကို အလုပ်ကျွေးပြုတာ။ နှစ်ရှည်ထောင်ဒဏ်ချတာကိုတော့ သဘောမကျဘူး။ သဘောမကျလို့လည်း ဒီလိုပွဲတွေ ဖြစ်လာတာပါ”ဟု မုံရွာအခြေစိုက် DVB သတင်းထောက် ဦးအောင်ကိုလတ်က ပြောဆိုသည်။

အဆိုပါ ဆုတောင်းပွဲတွင် တက်ရောက်သူဦးရေ ၂၀ ခန့်ရှိပြီး မုံရွာအခြေစိုက် သတင်းထောက်များနှင့် မြို့ခံများပါဝင်ကာ “ဖမ်းဆီးခံသတင်းထောက် အားလုံး ချက်ချင်းလွှတ်”စာတန်းပါ တီရှပ်အနက် ရောင်အင်္ကျီကို ဆင်တူဝတ်ဆင်ကာ ဘုရားရှိခိုးခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို နာရီဝက်ကြာ ပြုလုပ်ခဲ့သည်။

ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများကို မန္တလေး၊ မော်လမြိုင်နှင့် ပြည်မြို့တို့တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည်။

R-08



FOLLOW US