News

POST TAGGED AS

နှစ်သစ်ကူး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့မအားကစားကွင်းကြီးတွင် ဇန်နဝါရီလ ၁၆ ရက်မှစတင်ကာ လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိလစ်မွန်းပန်းက ပြောကြားသည်။
ရန်ကုန် နှစ်သစ်ကူးညအတွက် တည်းခိုခန်းများ၌ အခန်းကြိုတင်ငှားရမ်းမှု များပြားလျက်ရှိနေပြီး အခန်းဈေးများ မြင့်တက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ဟိုတယ်၊ မိုတယ်၊ အအေးခန်း ဧည့်ရိပ်သာနှင့် တည်းခိုခန်းများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့တော်၏ နှစ်သစ်ကူးညကို ရဲတပ်ဖွဲ့ဝင်အင်အား ၃၅၀၀ ကျော်ဖြင့် လုံခြုံရေးယူမည်ဖြစ်သော်လည်း ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။
ဘုရားသုံးဆူမြို့နယ်တွင် စိုက်ထူရန် စီစဉ်ထားသည့် စောဘဦးကြီး ရုပ်တုစိုက်ထူမှုကို အပစ်ရပ် စောင့်ကြည့်ရေး ပူးတွဲကော်မတီ (JMC) ၏ ကန့်ကွက်ထားမှုကြောင့် ယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ထားကြောင်း အဆိုပါရုပ်တု စိုက်ထူရေး ကော်မတီထံမှ သိရသည်
မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ မရောက်မီ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
08-Mar-2017 tagged as နှစ်သစ်ကူး
မြန်မာနိုင်ငံတွင် နှစ်သစ်ကူး ရုံးပိတ်ရက်ကို ၁၀ ရက် သတ်မှတ်ထားခြင်းကြောင့် စီးပွားရေး လုပ်ငန်းများအတွက် ခက်ခဲနှောင့်နှေးခြင်းများ ဖြစ်နေ၍ ပိတ်ရက် ပြန်လည် လျှော့ချရန် စီစဉ် ဆောင်ရွက်နေကြောင်း
ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် အခမ်းအနားဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်ကုန်သည်များ အသင်းထံမှ သိရှိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)မှ စတင်ကာ နှစ်ရက်အကြာ ကျင်းပလျက်ရှိရာ နာဂတိုင်းရင်းသား မျိုးနွယ်စု ပေါင်းစုံ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် တက်ရောက်သည်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို တစ်နှစ်လျှင်တစ်ကြိမ် ဒေသတွင်းရှိ မြို့များကို အလှည့်ကျ ကျင်းပလျက်ရှိရာ ယခုနှစ်ပွဲ တော်ကို လဟယ်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း
30-Dec-2016 tagged as နှစ်သစ်ကူး
နှစ်သစ်ကူးညတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ အရေးပေါ် ဌာနရှိ ၀န်ထမ်းများကို အခြားနေ့များထက် တစ်ဆ ပိုမို တာဝန်ချထားမည်ဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာ ခင်ခင်ထွေးက ပြောကြားသည်။