News

POST TAGGED AS

နွား

ဗန်းမော်ခရိုင်တွင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး စစ်ဆေး

ဗန်းမော်၊ ဩဂုတ် ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီနှင့်ရွှေကူမြို့တွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဩဂုတ်လ ၂ ရက်က ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဗန်းမော်ခရိုင်ရှိမြို့နယ်များတွင် ဇူလိုင်လ နောက်ဆုံးပတ်က မိုးရွာသွန်းမှုများသဖြင့် လယ်မြေ၊ လမ်းတံတား ပျက်စီးမှုများရှိသဖြင့် ပြည်နယ်အစိုးရ ကိုယ်စား ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် မံစီနှင့် ရွှေကူမြို့တွင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများကို စာရင်းကောက်ယူနေကြောင်း ဗန်းမော်ခရိုင် လွှတ်တော်ကိုယ်စားလှယ်များရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းထွန်းဦးက ပြောသည်။ 

ဗန်းမော်ခရိုင်တွင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကွင်းဆင်းကြည့်ရှုပြီး သုံးသပ်ချက်များကို ပြည်နယ် အစိုးရထံတင်ပြပြီး ပျက်စီးဆုံးရှုံးသူများကို ထောက်ပံ့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းစစ်ဆေးမှုတွင်လိုက်ပါသူ မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။

ဗန်းမော်ခရိုင်တွင် ဇူလိုင်လက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေါ့ဖုန်း ယန်မြို့နယ်တွင် လယ်ဧက ၁၇၀ ကျော် ချောင်းရေတိုက်စား၍ ပျက်စီးခြင်း၊ မိုးမောက်မြို့နယ်တွင် နန့်ကျရီချောင်းကူးတံတား ပျက်စီးခြင်း၊ ဗန်းမော်မြို့နယ်တွင် လယ်မြေဧက ၃၅၀၀ ကျော် ရေမြုပ်ခြင်းတို့ရှိနေပြီး အခြားမြို့နယ်များတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့သော လယ်ဧကစာရင်းများကို ကောက်ယူနေဆဲဖြစ်ကြောင်း ဗန်းမော်ခရိုင် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနထံမှသိရသည်။

R-14



FOLLOW US