News

POST TAGGED AS

နျူးကလီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် လွန်စွာဂုဏ်ပြုထိုက်သူ တစ်ဦးဖြစ်ပြီး ဝါရှင်တန်နှင့် ပြုံယမ်းအကြားပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် ဆွေးနွေးညှိနှိုင်းမှုများမှာလည်း အထူးပင် ကောင်းမွန်လျက်ရှိသည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ချီးမွမ်းပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့နှင့် ထိပ်သီးဆွေးနွေးပွဲများ ကျင်းပရန်စီစဉ်နေချိန်တွင် သူ့နိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ရပ်ဆိုင်းလိုက်ပြီဟု ရုတ်တရက်ကြေညာလိုက်သည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းနှင့် ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီ သီတင်းတစ်ပတ်ခန့်အလိုတွင် မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယားနှင့် ပဲ့ထိန်း ဒုံးကျည်စမ်းသပ်သည့် အစီအစဉ်များအား အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဟု ကြေညာလိုက်ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြသည်။
တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံပိုင် မီဒီယာများ၏ အတည်ပြုရေးသားချက်များအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မြို့တော်ဘေဂျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကြောင်းနှင့် ထိုသို့တွေ့ဆုံရာတွင် မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရအနေနှင့် နျူကလီးယား ဖြုတ်သိမ်းရေးကိစ္စကို လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားပြီဖြစ်သည်ဟူသော အချက်ကို ကင်ဂျုံအန်းက သမ္မတရှီကျင့်ဖျင်အား အသိပေးပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ဆော်ဒီ၏ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်က ဆော်ဒီဘုရင့်နိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်လိုခြင်း မရှိသော်လည်း အီရန်က နျူလက်နက် ထုတ်လုပ်ရန် ကြိုးစားလာပါက လိုက်ပါလုပ်ဆောင်မည်ဖြစ်သည်ဟု အမေရိကန် CBS ရုပ်သံသို့ ယခင်အပတ်က ပြောကြားခဲ့ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
အီရန်အပေါ် ဥရောပ၏ အရေးယူပိတ်ဆို့မှု အသစ်မှန်သမျှသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်အကြား ညှိနှိုင်းထားသော နျူကလီးယား သဘောတူညီမှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီးက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံက နျူကလီးယားလက် နက်တစ်စုံတစ်ရာ သုံးစွဲလာနိုင်ခြေကို အဓိကဟန့်တားရန် ရည်ရွယ်သည်ဟုဆို ကာ အမေရိကန်စစ်ဘက်က ပိုမိုသေးငယ်သော နျူကလီးယားဗုံးအသစ်များ ထုတ်လုပ်ရန် အဆိုပြုထားမှုကို ရုရှားက ပြစ်တင်ရှုတ်ချလိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသည် စစ်အေးခေတ်ကာလ အတွေးအခေါ်ဖြင့် နျူကလီးယားမူဝါဒသစ် အကောင်အထည်ဖော်နေခြင်းကို စွန့်လွှတ်ရန် တရုတ်အစိုးရက တိုက်တွန်းလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ အထက်အဆင့် ဆွေးနွေးမှုများတွင် ထိတွေ့ဆက်ဆံရန် စီစဉ်နေမှုသည် အမေရိကန်ပြည်ထောင်စုအတွက် ကောင်းသော်လည်း ပြုံယမ်း၏ နျူကလီးယားရည်မှန်းချက်သည် ကမ္ဘာကို အန္တရာယ်ပေးနေဆဲဖြစ်သည်ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ပြောကြားလိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ဘက်မှ မည်သည့်အခါမျှ စစ်ပွဲမစတင်နိုင်စေရန် မိမိ၏ စားပွဲပေါ်တွင် နျူကလီးယားပစ်လွှတ်သည့်ခလုတ် တပ်ဆင်ထားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။