POST TAGGED AS

နျူးကလီးယား

အီရန်နျူကလီးယားစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်သွားပြီးနောက် ကျန်စာချုပ်ဝင်နိုင်ငံကြီးများသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ်ဇာရိဖ် သွားရောက်ညှိနှိုင်းလျက်ရှိကြောင်း BBC သတင်းက ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံကယင်း၏ နျူကလီးယားစမ်းသပ်ရာနေရာကို ဖျက်ပစ်မည်ဟု ကတိကဝတ်ပြုထုတ်ဖော်ပြောဆိုပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကိုကျေးဇူးတင်သည်ဟု ထုတ်ဖော်ပြောကြားကြောင်း AFP သတင်းဌာနကရေးသားဖော်ပြသည်။
အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆုံးဖြတ်ခဲ့ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့ပြီးနောက် စာချုပ် ဆက်လက်တည်မြဲရေးအတွက် ဥရောပနိုင်ငံများက သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်ဟု BBC သတင်းတွင် ဖော်ပြသည်။
အကယ်၍ ပြုံယမ်းကွန်မြူနစ်အစိုးရကသာ နျူကလီးယားလက်နက်စွန့်လွှတ်မည်ဆိုပါက မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတည်ဆောက်ရာ၌ အမေရိကန်ပြည်ထောင်စုက အကူအညီပေးသွားမည်ဖြစ်သည်ဟု ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အသိပေးပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်နျူသဘောတူညီချက်မှ အမေရိကန် နုတ်ထွက်၊ မထွက်ကို မေလ ၈ ရက်နေ့တွင် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ဆုံးဖြတ်မည်ဖြစ်ပြီး နုတ်ထွက်လိုက်ပါက အန္တရာယ်ကြီးသော ကမ္ဘာနှင့်ချီသည့် အကျပ်အတည်းတစ်ရပ် ပေါ်ပေါက် လာနိုင်သောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက စိုးရိမ်တကြီး စောင့်ကြည့်နေကြကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
၂၀၁၅ ခုနှစ်အတွင်း အီရန်နိုင်ငံနှင့် ရရှိခဲ့သော နျူကလီးယားသဘောတူညီချက်ကို ဖျက်ဆီးပစ်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေနှင့် သမိုင်းတွင်မည့် နောင်တတရားကြီးနှင့် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ဖြစ်သည်ဟု အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက သတိပေးပြောကြားလိုက်ကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်နှင့် ချုပ်ဆိုထားသော ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်ရန် ဖိအားကျရောက်လာနိုင်သော တီဟီရန်၏ လျှို့ဝှက်နျူကလီးယား အစီအစဉ် အထောက်အထားကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ထုတ်ဖော်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းတို့ တွေ့ဆုံကာသမိုင်းတွင်မည့် ထိပ်သီးဆွေးနွေးပွဲကြီး ကျင်းပခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယား လက်နက်ဖယ်ရှားရေးအတွက် လုပ်ဆောင်သွားကြရန် သဘောတူညီချက်ရရှိလိုက်ကြကြောင်း သတင်းဌာနများကရေးသား ဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် လွန်စွာဂုဏ်ပြုထိုက်သူ တစ်ဦးဖြစ်ပြီး ဝါရှင်တန်နှင့် ပြုံယမ်းအကြားပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် ဆွေးနွေးညှိနှိုင်းမှုများမှာလည်း အထူးပင် ကောင်းမွန်လျက်ရှိသည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ချီးမွမ်းပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့နှင့် ထိပ်သီးဆွေးနွေးပွဲများ ကျင်းပရန်စီစဉ်နေချိန်တွင် သူ့နိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ရပ်ဆိုင်းလိုက်ပြီဟု ရုတ်တရက်ကြေညာလိုက်သည်။