News

POST TAGGED AS

နိုင်ငံရေး

နှစ်သစ်မကူးမီ နိုင်ငံရေး အကျဉ်းသားနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို လွှတ်ပေးရန်တောင်းဆို

ပြည်၊ ဧပြီ ၇ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ မရောက်မီ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဦးဝင်းလှိုင်သည် ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီ ၃၀ မိနစ်ထိ ပြည်မြို့ရှိ ဆံတော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ရန်ကုန်-ပြည်လမ်းထောင့် ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့၊ ဗိုလ်ရှုခံရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် လယ်သမားအရေး၊ အလုပ်သမားအရေး ဆောင်ရွက်လှုပ်ရှားရာမှ တရားရင်ဆိုင်နေရသူများ ဖြစ်သည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဦးဝင်းလှိုင်က ပြောကြားသည်။ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်၌ ပြားပြားဝပ်နေသော၊ မလှုပ်နိုင်သော နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် အစိုးရခင်ဗျာ နှစ်မကူးမီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပါ”ဟူသော ဆိုင်းဘုတ်ကိုထောင်၍ ဦးဝင်းလှိုင်က ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။



FOLLOW US