News

POST TAGGED AS

နိုင်ငံသား

တရုတ်နိုင်ငံသားတစ်ဦးကို ဝိုင်းထိုးကြိတ်ပြီး လက်ကိုင်ဖုန်းလုယူသည့်အဖွဲ့ကို ဖမ်းမိ
ရန်ကုန်၊ မတ် ၁၁

ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင် မတ်လ ၁၀ ရက် ညသန်းခေါင်အချိန်က ပလက်ဖောင်းပေါ် တစ်ဦးတည်း လမ်းလျှောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကို ဝိုင်းထိုးကြိတ်ပြီး လက်ကိုင်ဖုန်း လုယူထွက်ပြေးသည့် အမျိုးသားသုံးဦးကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်မှုကျူးလွန်သူများမှာ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူများဖြစ်သော အသက် ၂၂ နှစ် ရဲဝင်းထွန်း၊ အသက် ၂၆ နှစ် မင်းအောင်၊ အသက် ၂၂ နှစ် ရဲမင်းအောင် (ခ) ရဲကြီးတို့ဖြစ်ပြီး အသက် ၅၀ ဝန်းကျင်ရှိ တရုတ်နိုင်ငံသားတစ်ဦးကို ၎င်းတို့အဖွဲ့က ဝိုင်းထိုးကြိတ်ပြီး Samsung အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးကို လုယက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“တရုတ်နိုင်ငံသားက ဗဟန်းမှာဖွင့်ထားတဲ့ ကုမ္ပဏီတစ်ခုက မန်နေဂျာပါ။ အခင်းဖြစ်ညက အပြင်ကနေ သူ့နေအိမ်ကို ကမ္ဘာအေးဘုရားလမ်းအတိုင်း တစ်ယောက်တည်း လမ်းလျှောက်ပြန်လာချိန် အလုခံရတာ။ လုတဲ့အဖွဲ့နဲ့ သူနဲ့အပြန်အလှန် တိုက်ခိုက်နေတာကို တွေ့တဲ့သူက ၁၉၉ ဆီ သတင်းပေးတိုင်ကြားလို့ ပြစ်မှုကျူးလွန်သူတွေကို နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့တယ်”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ လုယက်မှုမှ ဖမ်းမိထား သည့် အမျိုးသားသုံးဦးကို ဗဟန်းမြို့မ ရဲစခန်းက (ပ) ၁၇၁/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ယင်းဖြစ်စဉ်ကို တာဝန်သိစွာဖြင့် သတင်း ပေးပို့ခဲ့သူများကိုလည်း ရဲတပ်ဖွဲ့မှ ကျေးဇူး တင်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အသိပေး ထုတ်ပြန်ထားသည်။

S-03




FOLLOW US