News

POST TAGGED AS

နိုင်ငံသား

တရုတ်သတ္တုတူးဖော်ရေး ပညာရှင် ၆ ဦးကို မိုင်းပျဉ်း တားမြစ်နယ်မြေတွင် ဖမ်းမိ
ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၄ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်တွင် တားမြစ်နယ်မြေအတွင်း ဝင်ရောက်ခဲ့သည့် သတ္တုတူးဖော်ရေး ပညာရှင် တရုတ်နိုင်ငံသား ၆ ဦးကို ဖမ်းမိကာ ဖေဖော်ဝါရီလ ၃ ရက်တွင် အရေးယူထားကြောင်း မိုင်းပျဉ်းမြို့နယ် လဝက ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မြို့နယ် နမ့်တက်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းက အသက် ၃၉ နှစ်မှ ၄၈ နှစ်အရွယ် တရုတ်နိုင်ငံသား သုံးဦးကို လည်းကောင်း၊ ဝမ်ချန်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းက အသက် ၃၉ နှစ်မှ ၅၈ နှစ်အရွယ် တရုတ်နိုင်ငံသား သုံးဦးကို လည်းကောင်း ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

“ပထမနေ့က ဖမ်းမိတဲ့ သတ္တုတိုင်းတာရေး ပညာရှင်သုံးဦးက တာချီလိတ် ချစ်ကြည်ရေးတံတား (၁) ကနေ တရားဝင်လာတာ၊ ဒုတိယနေ့က ဖမ်းမိတဲ့ ပညာရှင်သုံးဦးက ရန်ကုန်ကနေ လေယာဉ်နဲ့ တရားဝင်လာခဲ့တာပါ”ဟု ၎င်းက ရှင်းပြသည်။ 

အဆိုပါ ဖမ်းမိသော တရုတ်မှ သတ္တုတူးဖော်ရေး ပညာရှင် ၆ ဦးကို လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အရေးယူထားကြောင်း မိုင်းပျဉ်းမြို့မ ရဲစခန်းထံမှ သိရသည်။

တရုတ်နိုင်ငံမှ သတ္တုတူးဖော်ရေး ပညာရှင်များက မိုင်းပျဉ်းမြို့နယ်တွင် သွားလာခွင့် ကန့်သတ်ထားသော ကျေးရွာနယ်မြေကို ကျူးကျော်သွားလာသဖြင့် အမှုဖွင့်ကာ အရေးယူခံရခြင်းဖြစ်ကြောင်း မိုင်းပျဉ်းမြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US