News

POST TAGGED AS

နိုင်ငံရေး

16-Jun-2017 tagged as နိုင်ငံရေး
နိုင်ငံရေးတရား ဟောကြားခဲ့သော မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် အသိအမှတ်ပြု ဓမ္မကထိက ဆရာတော်သုံးပါးကို အဆိုပါ အဖွဲ့ချုပ်က ထုတ်ပယ်လိုက်ကြောင်း မိုးကုတ်ဝိပဿနာအဖွဲ့ထံမှ သိရသည်။
စာရေးသူအနေနှင့် ‘နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ’ ဆိုသော အဆိုပြုလွှာကို ခံတွင်းမတွေ့နိုင်ကြသည့် တိုင်းရင်းသားများ၏ စိတ်ခံစားမှုကို အပြည့်အဝ နားလည်နိုင်ပါသည်။ သို့တိုင် ဤကိစ္စမှာ စကားလုံး ပြဿနာမျှသာ ဖြစ်သည်။ စကားလုံးထက် ပို၍အရေးကြီးသည်မှာ ‘မူ’ ပိုင်းဆိုင်ရာ ဖြစ်သည်။ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ခေါင်းစဉ်ပါ အချက်ငါးချက်လုံး မဆိုနှင့် နံပါတ် (၃) အချက်မျှနှင့်ပင် ထိုက်ထိုက်တန်တန် ရရှိနေပြီဟု ဆိုနိုင်သည်။ အဆိုပါ နံပါတ် (၃) အချက်ကို စာဖတ်သူများ ‘ဆဝါး’ နိုင်ရန် မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ ယခုလို ... ‘တိုင်းဒေသကြီး/ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း စသည့် ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံချက် ရှိစေရမည်။’
ထိုကျောင်းလေးတွင် ကလေးငယ်လေးများကို ထိန်းကျောင်းစာသင်ပြခြင်းဖြင့် နေ့စဉ်ဘဝကို မြှုပ်နှံထားခဲ့သည့် ထိုဆရာမလေးသည် မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် သာမက နိုင်ငံတကာ နိုင်ငံရေးလောကတွင်ပါ ထင်ရှားခဲ့သည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်ခံ ကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အိမ်ကြီးတစ်လုံးထဲတွင် အဖော်ပြု နေထိုင်ခဲ့သည့် အမျိုးသမီးလေးပင် ဖြစ်သည်။
ခွဲရေးတွဲရေး ပြဿနာနှင့် လုံခြုံရေးကဏ္ဍမှာ တပ်မတော်နှင့် အဓိက သက်ဆိုင်နေသည်လည်းဖြစ်ရာ တပ်မတော် ကိုယ်စားလှယ်များ၏ စိုးရိမ်သံများကိုလည်း ကျယ်ကျယ်လောင်လောင် ကြားခဲ့ရသည်။ ထိုစိုးရိမ်သံများနှင့် စကားလုံး လွန်ဆွဲပွဲများကို နောက်ထပ်လာမည့် ၂၁ ရာစု ပင်လုံ အစည်းအဝေးများတွင် မြင်ကြရပေဦးမည်။
စာရေးသူမှာ ‘လက်နက်ကိုင် တော်လှန်ရေးဖြင့် ဗမာပြည်ကြီးကို ပြောင်းပစ်မည်’ ဆိုသော ယုံကြည်မှုဖြင့် ‘တောနှင့် တောင်’ တွင် ကာလတစ်ခု ကျင်လည်ခဲ့ဖူးသည်။ ဆန့်ကျင်ဘက် အကျိုးဆက်တွေသာ ရခဲ့သည်။ ယခုအခါတွင်မူ ‘သေနတ်မလိုတဲ့ နိုင်ငံရေး’ ကို ပြောင်းလဲခံယူခဲ့သည်မှာ နှစ်အချို့မျှသာ ရှိသေးသော်လည်း လက်ဆုပ်လက်ကိုင်ပြစရာ (အနည်းငယ်မျှဖြစ်စေ) ရှိသလောက် ရှိလာပေပြီ။ လက်နက်ကိုင် တော်လှန်ရေးက ‘ကြာလေ တိုင်းပြည်နာလေ’ ဖြစ်သည်။ ရန်သူတွေ မိတ်ဆွေဖြစ်အောင် လုပ်ကြရသော နိုင်ငံရေးက ကြာလေ နားလည်မှု ပိုရလေ၊ သံသယကင်းလေ ငြိမ်းချမ်းရေးနှင့် ပိုနီးလေဖြစ်သည်။ ဤသည်ပင် အသက် ၆၆ နှစ်အရွယ် အဘိုးအိုပေါက်စတစ်ဦး၏ တစ်သက်တာ နိဂုံးချုပ်ချက်ဟု ဆိုချင်သည်။
ယခင်အစိုးရထက် ယခု NLD အစိုးရသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ပါဝင်ရေးကို ပိုမိုအားပေးလာသည်ကို တွေ့ရသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ရှိ ကဏ္ဍအသီးသီးတွင် အမျိုးသမီး ပါဝင်မှုကို စုစုပေါင်း အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမည်ဟု သတ်မှတ်ထားသည်။ သို့မှသာ အဖွဲ့အစည်းတစ်ခုစီတိုင်းတွင် အမျိုးသမီးများ၏ တောင်းဆိုချက်၊ အမျိုးသမီးများ၏ အသံများ ထွက်ပေါ်လာမည် ဖြစ်သည်။
မြန်မာနိုင်ငံ အထက်ပိုင်းက ကမ္ဘာနှင့်တစ်လွှား ဟိုးလေးတကျော် ဖြစ်ခဲ့သော ဒီပဲယင်းမြို့အနီး လူ့အခွင့်အရေး ချိုးဖောက်မှုကြီးသည် ယနေ့ဆိုလျှင် ၁၄ နှစ် တိုင်ခဲ့ပြီ။
စစ်ပွဲသံတွေကြားကပင် ပင်လုံညီလာခံကြီး ပြန်စကြပြီ။ ညီလာခံနီးလျှင် ရှေ့တန်းတစ်နေရာ၌ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများ မြင်တွေ့ရတတ်သည့် အစဉ်အလာကလည်း မပျက်မယွင်း တည်နေပြန်သည်။
ဆွေးနွေးမှု အကြပ်အတည်းဖြစ်နေသည့် ပြည်ထောင်စုမှ ခွဲမထွက်ရ စကားရပ်နှင့် တစ်ခုတည်းသော တပ်မတော် အမည်ပေးကိစ္စ ညှိုနှိုင်းမှု အဆင်မပြေသဖြင့် လက်ရှိ ညီလာခံတွင် အတည်ပြုရန် ဆိုင်းငံ့လိုက်သည်။