News

POST TAGGED AS

နိုင်ငံရေး

ငြိမ်းချမ်းရေး ဆွေးနွေးသည့် ၂၁ ရာစု ပင်လုံညီလာခံသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၏ တစ်ခုတည်းသောလမ်းကြောင်း ဖြစ်ကြောင်း ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
နိုင်ငံတော်အတွင်း၌ ဖြစ်ပေါ်နေသော အခြေအနေများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ခုက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ဇူလိုင်လ ၁၈ ရက်၌ အိတ်ပိတ်စာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း အဆိုပါ ပါတီများထံမှ သိရသည်။
နိုင်ငံ့ဝန်ထမ်းများ လုပ်ခလစာအပြင် ကောင်းမွန်သည့် အထွေထွေခံစားခွင့်များ ရရှိစေရန် အစိုးရအနေနှင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်ခြင်းကို ယနေ့(ဇူလိုင်လ ၁၀ရက်)မှ ၁၂ရက်အထိ နေပြည်တော်တွင် ကျင်းပလျက်ရှိရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံကို ဖော်ပြလိုက်ပါသည်။
08-Jul-2017 tagged as နိုင်ငံရေး
မိမိအဖွဲ့အစည်း ရှင်သန်အောင်မြင်ရေး၊ တိုင်းပြည်တစ်ပြည် နိုင်ငံတကာ၌ ဝင့်ဝင့်ထည်ထည် ရပ်တည်ရန် ထူးချွန်ထက်မြက်သူများ ရှိဖို့လိုလာသည်။ ယင်းတို့ ရှာဖွေခြင်း၊ မွေးဖွားပေးနိုင်ခြင်း မရှိပါက အလိုလိုနေရင်း မိမိအဖွဲ့အစည်း၊ ကိုယ်စားပြုရာနိုင်ငံတို့မှာ မည်သူကမှ တိုက်ခိုက်ထိုးနှက်ခြင်း မရှိပါဘဲ အောက်ကျနောက်ကျ ဘဝသို့ ထိုးကျသွားနိုင်သည်။
06-Jul-2017 tagged as နိုင်ငံရေး
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးရေးအတွက် အစိုးရ ယန္တရားကို စီမံခန့်ခွဲနေသည့် (NLD) အစိုးရအပေါ် တရားစွဲဆိုရန် စီစဉ်နေမှုမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း ဥပဒေပညာရှင်အချို့နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့က ဝေဖန်လိုက်သည်။
တမူးမြို့နယ်အတွင်း ခိုလှုံလှုပ်ရှားနေသည့် ကသည်းသူပုန်များ ရှင်းလင်းဖယ်ရှားပေးရန် ကိစ္စကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၏ ဖြေကြားချက်သည် ပြည့်စုံမ မရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ ဦးမောင်မောင်လတ်က ဝေဖန်လိုက်သည်။
02-Jul-2017 tagged as နိုင်ငံရေး
“ကောင်းမွန်တဲ့ ပြည်သူဆိုတာ အစိုးရစကားကို နားထောင်ရတယ်...အစိုးရက မကြိုက်တဲ့နေ့ ကျွန်တော်တို့ ချက်ချင်း ပြည်သူအဖြစ်ကနေ နုတ်ထွက်ပေးပါမယ်” ဟု တစ်သွယ်။
ခရိုနီများကို တစ်ဖက်မှ ထိန်းထားစဉ်တွင် လူလတ်တန်းစား တည်ဆောက်ရေးကို အားပြုသင့်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးဖို့လိုသည်။ သူတို့အတွက် အရင်းရေသောက်မြစ် ဖော်ထုတ်ပေးဖို့ လိုပါလိမ့်မည်။
22-Jun-2017 tagged as နိုင်ငံရေး
မြန်မာနိုင်ငံ၏ အကြီးမာဆုံးသော ခြိမ်းခြောက်မှုမှာ အာဏာရှင်စနစ်ကို ပြန်မသွားရေး မဟုတ်ဘဲ မလွတ်လပ်သည့် ဒီမိုကရေစီသည် အနုတ်လက္ခဏာဆောင်သည့် အမျိုးသားရေးဝါဒ နှင့် ချိတ်ဆက်နေသည့် အရေးသာဖြစ်သည်။ ယခုအချိန်သည် ရိုးသားရတော့မည်ဖြစ်ပြီး သမိုင်းကို ပြန်လည်ဆန်းစစ်ဝေဖန် စောကြောရတော့မည် ဖြစ်ကာ ၂၁ ရာစု မြန်မာအမှတ်အသား သရုပ်လက္ခဏာတွင် လူမျိုးများ ပိုမိုပါဝင်နိုင်ရေးအတွက် အသစ်တစ်ဖန် ရှာဖွေရတော့မည်အချိန် ဖြစ်ပါသည်။