News

POST TAGGED AS

နိုင်ငံရေး

နိုင်ငံရေး အကျဉ်းသားများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု စင်တာကို ဒဂုံမြို့သစ်(မြောက်ပိုင်း) ၆ ရပ်ကွက်၊ ခါတော်မီလမ်းတွင် ဆောက်လုပ်နေပြီဖြစ်ကြောင်း အဆိုပါစင်တာမှ အလုပ်အမှုဆောင် ကိုရာဇာက ပြောကြားသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ပြင်ဆင်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နားလည်မှု မတူညီသည်ကို တွေ့ရှိရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။
အစိုးရရဲ့ ဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့ အခွန်ကောက်ခံမှုမှာလည်း ခေတ်စနစ်နဲ့ညီတဲ့နည်းလမ်းတွေ၊ မတိုးချဲ့နိုင်သေးတာတွေနဲ့ လိုတစ်မျိုး မလိုတစ်မျိုး အခွန်နှုန်းထား ပြောင်းလဲပေးနေတာတွေ၊ ကင်းလွတ်ခွင့်ပြုပေးနေတာတွေကလည်း ရေရှည်မှာ အလုပ်ဖြစ်လာမယ် မထင်ပါဘူး။
27-Dec-2017 tagged as နိုင်ငံရေး
မြန်မာ့နိုင်ငံရေးတွင် အောင်မြင်သော နိုင်ငံရေးသမားကြီးများ ဖြစ်လိုသည် ဆိုပါက တိုင်းပြည်စီးပွားရေး တိုးတက်ရေး တစ်ခုတည်းသာမက စီးပွားရေးဟူသည် ကျင့်ဝတ်သိက္ခာနှင့် တရားမျှတမှုရှိလျှင် ချီးမြှောက်ခြင်း ခံရမည်ဖြစ်ပြီး ဒုစရိုက်မှုနှင့် တရား မမျှတမှုတို့လုပ်လျှင် ပြစ်ဒဏ်ပေးခံရသည့်ကိစ္စ ဖြစ်သည်ဆိုသော သဘောတရားမျိုး ထွန်းကားအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။
ပြည်သူလူထု နိုးကြားတက်ကြွလာဖို့ဆိုရင် နိုင်ငံရေးသမားတွေက လက်တွေ့ကျကျ ပြောဆိုလုပ်ကိုင်ပြပြီးတော့ လူထုက ယုံကြည်သည်ထက် ယုံကြည်လာအောင် ဆွဲဆောင်ကြဖို့ပဲ ဖြစ်ပါတယ်။ ရှေ့နောက်ညီတဲ့စကားကို ပြောပြီးတော့ ရှေ့နောက်ညီတဲ့ အလုပ်ကို လက်တွေ့လုပ်ပြကြဖို့က နိုင်ငံရေးသမားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခွင့် မရရှိသော်လည်း လူထုတွေ့ဆုံပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။
လက်တွေ့နဲ့ ကင်းကွာနေတဲ့ နိုင်ငံရေးခံယူချက်တွေက တစ်စုံတစ်ယောက်အတွက် အကျိုးရှိသယောင် ရှိပေမယ့် လူ့အသိုင်းအဝိုင်း တစ်ခုလုံးနဲ့ သိပ်ပြီး အဆင်မပြေတဲ့ အတွေးအခေါ်တွေ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှိနေပါတယ်။
ယခုအချိန်အထိ အနည်းဆုံးအားဖြင့် လူသိရှင်ကြား မြန်မာ့ပြုပြင်ပြောင်းလဲရေးအပေါ် သည်းခံစိတ်ရှည်သော သဘောထားတစ်ရပ်ကို ပြသနိုင်ခြင်းအတွက် ပီကင်းကို အသိအမှတ်ပြုရပေမည်။ ထိုသို့ အပြုသဘောဆောင်သော သဘောထားအမြင်ကို ကိုင်စွဲထားသည့်အတွက် မြန်မာလူထုနှင့် အထက်လွှာများမှ မိတ်ဆွေများ ရရှိနိုင်ပေသည်။
တရုတ်ပြည်၏ အမျိုးသား အကျိုးစီးပွား ဖြန့်ကြက်လာသည်နှင့်အမျှ ပီကင်းမှ နိုင်ငံခြားရေး ပေါ်လစီ ရေးဆွဲသူများသည် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များအဖြစ် အထူးတာဝန်ပေး ခန့်အပ်ထားသော ယာယီ ကိုယ်စားလှယ်အဖွဲ့ဝင်များကို အခြေအနေနှင့် လိုက်လျောညီထွေ စေလွှတ်ခြင်းဖြင့် တရုတ်သံတမန်ဆက်ဆံရေး နည်းပရိယာယ်ကို ပြန်လည်ပြင်ဆင်ခဲ့ပုံ ရပေသည်။
... ထိုစဉ်က နိုင်ငံရေးအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီမှာ တရုတ်-မြန်မာဆက်ဆံရေးအကြားတွင် မလုပ်အပ်သည့်အရာ ဖြစ်နေခဲ့သဖြင့် ထိုဆက်ဆံမှုမှာ တိုတောင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျဉ်းကျခံနေရစဉ် အနောက်နိုင်ငံများမှ အရာရှိများနှင့် လွှတ်တော်အမတ်များပင်လျှင် မကြာခဏ သွားရောက် တွေ့ဆုံခဲ့ကြသော်လည်း တရုတ် အရာရှိများနှင့် ပညာရှင်များအဖို့​စစ်အစိုးရ မကျေမနပ်ဖြစ်မည်စိုး၍ ထိုအထူးအခွင့်အရေးကို လက်လွှတ်ခဲ့သည်။