News

POST TAGGED AS

နိုင်ငံတော်သမ္မတ

အင်္ဂပူမြို့နယ်တွင် ဒေသခံရေလုပ်သားများ ဘုံငါးဖမ်းကွက်အဖြစ် ရှာဖွေစားသောက်နေသည့် ငဝန်မြစ်ကြောင်းကို အင်းဧရိယာအတွင်း ထည့်သွင်းရောင်းချခြင်းကြောင့် ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးမှူးအပါအဝင် အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးနှင့် အင်းသားကြီးတို့ကို အရေးယူပေးရန် နိုင်ငံတော်သမ္မတအပါအဝင် ဌာနဆိုင်ရာအသီးသီးထံ တင်ပြတိုင်ကြားထားကြောင်း ဒေသခံများကိုယ်စား ဦးဆောင်တိုင်ကြားသူ ဦးဝင်းဇော်ကိုက ပြောကြားသည်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတော့ သမ္မတကြီးရဲ့ ပညာတော်သင်ဆုဆိုပြီး လုပ်လိုက်ပါသေးတယ်။ ဘယ်နှယောက်လောက် လွှတ်လိုက်လဲဆိုတာတော့ သေချာတော့ မသိလိုက်ပါဘူး။ ဒါပေမဲ့ အခုအစိုးရခေတ်မှာတော့ အစုလိုက် အပြုံလိုက် ပညာတော်သင်လွှတ်ဖို့ကိစ္စ ဆွေးနွေးတာလည်း မကြားမိသလို ပြောသံဆိုသံလည်း မကြားမိသေးပါဘူး။ ဒီတိုင်းသာဆိုရင်တော့ ပညာတတ်မရှိလို့ တိုင်းပြည် နိမ့်၊ တိုင်းပြည် နိမ့်လို့ ပညာတတ်မရှိ၊ အဲလိုနဲ့ လုံးလည်ချာလည် ရိုက်နေဦးမှာပါ။ အစိုးရအနေနဲ့ ဘတ်ဂျက်မရှိလို့ ပညာတော်သင် မလွှတ်နိုင်သေးသည့်တိုင် ပုဂ္ဂလိကဘဏ်တွေနဲ့ပူးပေါင်းပြီ အိမ်တွေ၊ ကားတွေ အရစ်ကျဝယ်ခွင့်ရသလို ထူးချွန်ပေမယ့် နိုင်ငံခြားမှာ ပညာသွားသင်ဖို့ ငွေမရှိတဲ့လူငယ်တွေကို အတိုးနည်းနည်း ငွေချေးပြီး ပညာတော်သင် လွှတ်ပေးသင့်ပါတယ်။
တရားဥပဒေစိုးမိုးမှုရှိဖို့၊ မူးယစ်ကင်းစင်ဖို့၊ ဘဏ္ဍာငွေတွေဖိတ်စဉ်မှုမဖြစ်ဖို့၊ အဂတိလိုက်စားမှုတွေချုပ်ငြိမ်းပြီး တိုင်းပြည်စီးပွားရေးကို ဦးမော့ဖို့ဆိုရင် အကြံပေးလိုတာကတော့ သမ္မတသစ်ဦးဝင်းမြင့်အနေနဲ့ မိမိအားသန်တဲ့ဥပဒေရေးရာအပိုင်းတွေကိုတော့ ကိုယ်တိုင်ဦးစီးဦးဆောင်ပြုလုပ်သင့်ပြီး ကျန်တဲ့အပိုင်းတွေကိုတော့ နိုင်ငံအတွင်းက နိုင်ငံ့ကောင်းကျိုးကို လိုလားတဲ့ တတ်သိပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ နိုင်ငံတကာက နိုင်ငံသားစွန့်ဦးတီထွင်သမားတွေ၊ လူငယ်တွေကို ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ပြီး ကော်မရှင်တွေဖွဲ့စေချင်ပါတယ်။
... တိုင်းပြည်အုပ်ချုပ်ရာတွင် မင်းသည် “ရသေ့ ရဟန်း”ကဲ့သို့ ကျင့်ပါက တိုင်းပြည်ပျက်ကြောင်းဟူ၍ ရှေးပညာရှိတို့က ရေးသားခဲ့သည်ကိုလည်း သတိမူမိပါသည်။
များပြားလှသောတာဝန်များအပြင် နိုင်ငံတော်နှင့် ပြည်သူများအပေါ် မိမိ၏ရင်ဝယ်သားများသဖွယ် ကျောသားရင်သား မခွဲခြားဘဲ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများဖြင့် နာယကဂုဏ် ၆ ပါးနှင့်အညီ စိတ်ကောင်းစေတနာ ကရုဏာတရားများကို ရှေးရှုလျက် အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံတော်က ပေးအပ်ထားသည့်တာဝန်များကို မဆုတ်မနစ် ကျေပွန်စွာ ဆောင်ရွက်နိုင်မည့်သူမျိုးကိုသာ သမ္မတအဖြစ် လွှတ်တော်အတွင်း အမည်စာရင်း တင်သွင်းလာနိုင်ပါစေဟုလည်း ကျွန်ုပ်တို့ဆန္ဒပြုကြရမည် ဖြစ်ပါသည်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော် သမ္မတရာထူးမှ နုတ်ထွက်လိုက်ပြီဟု နိုင်ငံတော်သမ္မတရုံးက မတ်လ ၂၁ ရက်နေ့ နံနက်က ကြေညာခဲ့သလို ပြည်သူ့လွှတ်တော်တွင်လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ဦးပဋိပက္ခ ဖြစ်စဉ်တွင် ခရိုင်ထွေ။အုပ်ရုံးသို့ လူစုလူဝေးဖြင့် ဝင်ရောက်ဖျက်ဆီးရာတွင် ဦးဆောင်ခဲ့သူများကို နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ယခုနှစ်(၂၀၁၇-၂၀၁၈) ပြည်ထောင်စု အစိုးရ၏လိုငွေစာရင်းကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူလိုကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။
ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး အဖြေရှာရန် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေး အင်အားစုပါတီများသည် နိုင်ငံတော်သမ္မတထံ စာရေးသား တင်ပြထားပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့အချိန်ထိ အကြောင်းပြန်ခြင်း မရှိကြောင်း အဆိုပါ နိုင်ငံရေးပါတီများထံမှ သိရသည်။
မည်သူမဆို ကိုယ့်ခေါင်းဆောင်ကို ပို၍အထင်ကြီး အလေးထားကြသည်၊ ပို၍ တန်ဖိုးထားကြသည်။ ထို့ကြောင့် ကိုယ့်ခေါင်းဆောင်ကို ကိုယ်က ချီးမွမ်းပြောဆိုရင်း၊ အမွှမ်းတင်ရင်း အခြားအဖွဲ့အစည်းမှ ခေါင်းဆောင်ကို နှိမ့်ချသလိုမျိုး ဖြစ်သွားနိုင်ပါသည်။ ထိုအခါ အခြားအဖွဲ့အစည်းကလည်း သူတို့ခေါင်းဆောင်ကို ထိုကဲ့သို့ ပြောဆိုရပါ့မလားဟုဆိုကာ အပြန်အလှန် ပြောဆိုကြခြင်းဖြင့် အဖွဲ့အစည်း အချင်းချင်းအကြား မုန်းတီးမှုများ ဖြစ်ပွားလာနိုင်ပါသည်။